Ch-30 : စန်းဟူရဲ့လည်ပတ်မှု

1.4K 170 0
                                    

Ch-30 : စန်းဟူရဲ့လည်ပတ်မှု

အမျိုးသမီးလျို ပြန်တော့ လုရှန်း လုရန်ကို ငွေများကို ပေးခဲ့တယ်။

"အဖွား က အဲဒါတွေ ပေးခဲ့ပေမယ့် ညီမလေးမှာ ငွေတဒါဇင် ကျန်သေးတယ်။ အစ်ကိုမှာ ဘာမှလုပ်စရာမရှိရင် ကျောင်းပြန်တက်ပြီး စာကျက်ပါ"

"ပိုက်ဆံ ဘယ်ကရမလဲ?"လုရန်မျက်မှောင်ကြုံ့သွား၏။

အမျိုးသမီးလျို က လုမိသားစုရဲ့ငွေကြေးများကို စီမံခန့်ခွဲခဲ့ပြီး အမျိုးသမီးဟဲရဲ့ခန်းဝင်ပစ္စည်းကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် လုရှန်း အတွက် ကျောက်စိမ်းလက်ကောက်တစ်ထည်သာ ကျန်ခဲ့သည်။

သူ့အဖိုးအသက်ရှင်နေချိန်တုန်းက သူဌေးတစ်ယောက်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့လက်ဆောင်အနေနဲ့ကျောက်စိမ်းလက်ကောက်ကို ပေးခဲ့တယ်။

"အဖေ မသွားခင် ပေးခဲ့တာ"

လုရန်ကလှောင်ပြောင်သည်။"သူ့မှာ အသိတရားကျန်နေသေးတာပဲ"

"ဒါဆို ကျောင်းပြန်တက်ပြီး စာကျက်မှာလား?"

"နောက်နှစ်အထိ စောင့်မယ်။ အခုဒီမှာ ဘယ်သူမှမရှိဘူး၊လယ်မြေတွေကို လျစ်လျူရှုလို့မရဘူး။"

လုရန် စကားပြောနေစဥ် ဘေးနားရှိ ပစ္စည်းများကို မီးဖိုချောင်သို့ရွှေ့သည်။

"လယ်မြေတွေကို ညီမလေး စီမံခန့်ခွဲနိုင်တယ်"

လုရှန်း က သူ့နောက်ကို လိုက်သွားသည်။"အစ်ကို၊စိတ်မပူပါနဲ့။ ညီမလေး ဒါတွေကို ကောင်းကောင်း လုပ်ပေးမယ်။"

သူမ သည် စိုက်ပျိုးရေးတွင် အံ့သြဖွယ်ကောင်းလှသည်။

သူမ တောင်ပေါ် မှာ နေထိုင်စဥ် လယ်ဧကအနည်းငယ်ကိုကိုယ်တိုင် စိုက်ပျိုးခဲ့သည်။

အမှန်တော့၊သူမရဲ့ဆရာ အနားမှာမရှိရင် တိတ်တဆိတ် သေချာပေါက် အကူအညီ‌တောင်းသည်။ အဲဒီအကူအညီကတော့ တိမ်မည်းတွေပဲ။

"ညီမလေး က?"

လုရန် ရယ်မောသည်။"လယ်မြေတွေကို ထိန်းနိုင်တယ် ?"

လုရှန်း က အိမ်မှုကိစ္စများကို ပုံမှန်လုပ်သော်လည်း လယ်လုပ်ခဲသည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Wo Geschichten leben. Entdecke jetzt