Ch- 31 : ကိုယ်ရည်ကိုယ်သွေး

1.3K 167 0
                                    

Ch- 31 : ကိုယ်ရည်ကိုယ်သွေး

"လုရန် မင်း သေမင်းနဲ့တွေ့ချင်နေပြီလား!"

ဒီလူငယ် ဒေါသတကြီး ကန်ကျောက်ပြီး တုံ့ပြန်ချင်ပေမဲ့ လုရန်က ရှောင်တိမ်းလိုက်၏။

"အိုး? လုရန် ငါ မင်းနဲ့မတွေ့တာ ရက်ပိုင်းပဲရှိသေးတယ်။ မင်း ငါ့ကို ပုန်ကန်နေပြီလား။?"

စန်းဟူရဲ့မျက်နှာပေါ်မှာ မပျော်ရွှင်တဲ့ အမူအရာ ပေါ်နေ၏။

လုရန် အရင်က သူအမိန့်ကို နားထောင်ခဲ့ပေမဲ့လည်း အခုတော့ သူ့ရှေ့မှာ သူ့လူတွေကို ရိုက်နှက်နေသည်။

လုရန် သူ့ကိုကြည့်ပြီးပြောလိုက်သည်။"ဘာမှမရှိတော့ရင် ပျောက်သွားလိုက်"

စန်းဟူ မျက်မှောင်ကြုတ်၍"မင်းဘာကိုဆိုလိုတာလဲ? မင်းငါ့နောက်မလိုက်ချင်တော့ဘူးလား?"

လုရန် သူ့ကို စိုက်ကြည့်ပြီး စကားမပြောချေ။

"မင်း မာနကြီးလာတယ်!"

စန်းဟူ အေးစက်စက် ရယ်မောပြီး သူ့နောက်က လူတွေကို လက်ပြလိုက်၏။

"အရင် စည်းကမ်းအတိုင်း ငါ့ကို သစ္စာဖောက်ရဲတဲ့သူက အရိုက်ခံရမယ်။"

ထိုအချိန် တွင် လုရှန်း သည် လုဂျန် ကို ဟင်းသီးဟင်းရွက်တောင်းပေးပြီး အိမ်ထဲ လုရှင်းနဲ့ပုန်းနေဖို့ပြောလိုက်သည်။

သူမ လက်ကို ပွတ်သပ်ရင်း စန်းဟူနဲ့သူ့ရဲ့လူများကို စိုက်ကြည့်ပြီး ရှေ့သို့လျှောက်လာ၏။"နင်က ငါ့အစ်ကို ကိုရိုက်ချင်တယ်ပေါ့?"

သူမမျက်နှာတွင် ရှင်းရှင်းလင်းလင်း အပြုံးတစ်ခုရှိနေ၏။

"မင်း သူ့ကို မထိစေချင်ရင် မင်း ငါတို့နဲ့ကစားလို့ရတယ်!"

စန်းဟူ သူမရဲ့လှပသောမျက်နှာနှင့်အသွင်အပြင်မြင်ချိန်တွင် ဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရ၏။

"ကောင်းပြီ!"

"လုရှန်း!"

လုရန် မျက်မှောင်ကြုတ်ပြီး သူမကို လှမ်းအော်လိုက်သည်။

စန်းဟူရဲ့စကားကို သူမ ဘာလို့ သဘောတူလိုက်တာလဲ?

"တကယ်လား?"

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Donde viven las historias. Descúbrelo ahora