Ch-16 : ရှန်းကွမ်းလင်းအာ

1.7K 184 3
                                    

Ch-16 : ရှန်းကွမ်းလင်းအာ

လုရန် သည် သတင်းကြားကြားချင်းဝမ်းမြောက်နေသည်။ဒီယုတ်မာတဲ့ နှစ်ယောက် သူတို့ရဲ့အပြစ်ကို ခံယူသင့်သည်လို့ သူထင်သည်။

လုဒါဟွား သည် ငွေငါးရာ ကို တွေးနေတာမို့ နွားလှည်းပေါ်တက်ကာ မြို့တွင်းရှိ ချုအိမ်တော်ကို ကိုယ်တိုင်သွားရောက်ခဲ့သည်။

ချုအိမ်တော်တွင် သူတို့ရဲ့တံခါးများကို ပိတ်ထားသည်။ချုမိသားစု ကို ဘယ်လိုပဲပြောပြော တံခါး ဖွင့်ဖို့ ရည်ရွယ်ချက်မရှိပါပေ။

သူထွက်ခါနီး ဒီဇိုင်းကောင်းမွန်ပြီး အလှဆင်ထားတဲ့ ရထားလုံး ၁ စီး ဘေး၌ ရပ်တန့်၏။

ငယ်ငယ်ရွယ်ရွယ်နဲ့ချောမောလှပတဲ့ မိန်းမချောလေးတစ်ယောက် ရထားပေါ်ကနေ ဆင်းလာသည်။

ရထားထိန်း တံခါးသွားခေါက်စဥ် အစေခံက လှောင်ပြောင်ပြော၏။"သခင်မလေး သခင်လေး ဒီတခေါက်ပြန်လာတာဒီအိမ်ထောင်ရေးကိုရပ်တန့်ဖို့ လို့ ကျွန်မကြားထားတယ်။"

ထိုမိန်းကလေးက ဖွဖွလေးပြုံးပြီး"အစ်ကိုဟန်က အမြဲဒီလိုပဲ၊မိဘတွေက စီစဥ်ပေးရင်တောင် သူမကြိုက်တာကို လုပ်မှာမဟုတ်ဘူး။"

အစေခံက မထီမဲ့မြင်ပြုတဲ့အမူအရာနဲ့ပြန်ပြော၏။"လုမိသားစုက သူတို့ကိုယ်သူတို့ မှန်ထဲကြည့်သင့်တယ်။မြွေပွေးတစ်ကောင်က ငန်းကိုလက်ထပ်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ? သခင်မလေးနဲ့သခင်တို့က အတူ ကြီးပြင်းလာကြတာ မင်းတို့နှစ်ယောက်က ကလေးဘဝက ချစ်သူတွေဖြစ်ပြီး ပြီးပြည့်စုံတဲ့စုံတွဲလေ!"

"တော်တော့!"ရှန်းကွမ်းလင်းအာ က သူ့အစေခံကို ကြည့်လိုက်ပေမယ့် မျက်ဝန်းထဲ အပြုံးတွေနဲ့ပြည့်နေ၏။

ရှန်းကွမ်းလင်းအာသည် ငယ်စဥ်ကတည်းက ချုစစ်ဟန် ကို ချစ်ခဲ့ပြီး မိသားစုနှစ်စုကလည်း သူတို့ နှစ်ယောက်သား ပေါင်းစည်းရန် ဆန္ဒရှိသည်။

သခင်မချု က ချုစစ်ဟန်ရဲ့အိမ်ထောင်ရေးကို ရုတ်တရက် စီစဥ်ပေးလိုခြင်းဖြစ်ပြီး လယ်သမားသမီးဖြစ်သူ မသိနားမလည်သော မိန်းကလေးကိုလည်း နားမလည်ခဲ့ပေ။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Where stories live. Discover now