Ch-1: သတို့သမီး ပျောက်နေတယ်။

4.2K 308 1
                                    

Ch-1: သတို့သမီး ပျောက်နေတယ်။

မကြာသေးခင် လျိုယွဲ့ရွာသည် မီးရှူးမီးပန်းများ ဖောက်၍ ပျော်ရွှင်နေကြသည်။ဆူညံသံများ တစ်ရွာကျွတ် ကျယ်လောင်စွာ ထွက်ပေါ်နေ၏။

သို့သော် လွန်ခဲ့သည့် အခိုက်အတန့် ၌ တိတ်ဆိတ်မှု ရွာတစ်ရွာလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

သတို့သမီးလေး ပျောက်နေတယ်။

လင်းဂျန်အိမ်တော် တွင်နေထိုင်သော ခရိုင်တရားသူကြီး ချုစစ်ဟန် သည် အသက် ၃၀ အောက်သာ အသက်ရှင်လိမ့်မယ်လို့ တိုင်းပြည်၏နတ်ဆရာက ကြိုတင်နိမိတ်ထုတ်ခဲ့သည်။လျိုယွဲ့ရွှာ၊လုမိသားစုရဲ့သမီးနဲ့လက်ထပ်ထိမ်းမြှားမှ သူ့ကံကြမ္မာမှ လွတ်မြောက်မယ်လို့ဆိုတယ်။

လွန်ခဲ့သောရက်အနည်းငယ်က ချုအိမ်တော် သည် လုမိသားစုထံ လက်ထပ်ထိမ်းမြားလက်ဆောင်များ ပေးပို့ခဲ့တယ်။ဒီနေ့ သတို့သမီးကို ခေါ်ဖို့ရောက်လာခဲ့ကြတယ်။

သို့သော်လုမိသားစု၏လက်ထပ်ပွဲအခမ်းအနားသို့ ရောက်သောအခါ ချုမိသားစု သည် သတို့သမီး ပျောက်ဆုံးနေကြောင်း ကြားသိခဲ့ရတယ်။

ချုမိသားစုအားလုံး ဒေါသတကြီးထွက်သွားတော့သည်။

သူတို့က လုမိသားစု၏တံခါးဝင်ပေါက်မှာ ပိတ်ဆို့ကာ သတို့ သမီး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မြင်ရဖို့ခွင့်တောင်းကြတယ်။

" အသက်ရှင်နေတဲ့လူက ဘယ်လိုလုပ်ပျောက်သွားတာလဲ?"

လျိုယွဲ့ ရွာသူကြီးက မျက်မှောင်ကြုံ့၍ သတို့သမီး၏ဖခင်လုဒါဟွားကိုမေးမြန်းသည်။

လာရောက်လည်ပတ်သူများမှာ ချုမိသားစုဖြစ်တယ်

လင်းဂျန်အိမ်တော်ကိုမပြောနဲ့ချုမိသားစု ကိုစော်ကားဖို့

သတ္တိမရှိပေ။လုမိသားစုသည် အဆင့်အတန်းနိမ့်သော ရွာသားများဖြစ်တယ်။

" မသိဘူး!" လုဒါဟွားက အော်ဟစ်တယ်။

စကားနားထောင်တဲ့သမီးလေး ပျောက်ဆုံးသွားလိမ့်မယ်လို့ သူမတွေးခဲ့မိဘူး။

"ဖေဖေ၊ညီမလေး ပျောက်ဆုံးသွားတာက သခင်ချု ကို လက်မထပ်ချင်လို့ ဖြစ်နေမလား?။သူမ ဘာကြောင့် ထွက်ပြေးသွားတာလဲဆိုတာနဲ့ပတ်သပ်ပြီး ရှင်းနေတာပဲ။"

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Tahanan ng mga kuwento. Tumuklas ngayon