Ch- 4 : ပထမအစည်းအဝေး

2.1K 253 1
                                    



ချုစစ်ဟန် စကားမပြောဘူး

ချုယွမ် အံ့အားတကြီး ချုစစ်ဟန် ကို စိုက်ကြည့်ပြီး "သခင်၊ သူတောင်းစားကို ပြောနေတာလား?

ချုစစ်ဟန် တိတ်ဆိတ်နေတယ်...

ဒါပေမဲ့ ချုယွမ် ဘယ်သူကို ပြောနေတာလဲဆိုတာကို သိနေတယ်

ဒီလိုဆိုရင်တောင် သူသံသယ ဖြစ်မိတယ်...သခင် က " သနားခြင်း" ဆိုတာကို ဘယ်အချိန်ကနေစပြီးတော့ နားလည်သွားတာလဲ?

ချုယွမ် ထပ်မမေးတော့ဘဲ ငွေဒဂါးပြားတွေကို အိတ်ထဲက ယူပြီးတော့ လုရှန်း ဆီ လျှောက်လာတယ်။

တစ်စုံတစ်ယောက်က သူ့အနားကို လျှောက်လာသည်ကို သတိပြုမိသောအခါ လုရှန်း လှည့်ကြည့်တော့ အိတ်တစ်လုံး ခြေထောက်နား ချသည်ကို တွေ့လိုက်ရတယ်။

သူမ အရှေ့က လူငယ်လေးက လှည့်ထွက်သွားတယ်။

သူမ အိတ်ကို အမြန်ကောက်လိုက်ပြီး အော်ပြောတယ် "ဆရာကြီး ရဲ့ ပိုက်ဆံအိတ် ကျသွားတယ်"

ချုယွမ်က "ဒါ မင်းအတွက်ပဲ" ပြောကာ လှည့်မကြည့်ဘဲ ထွက်သွားတယ်။

"ငါ အလုပ် မလုပ်ဘဲ ဘယ်အရာကို မှ လက်ခံမှာ မဟုတ်ဘူး!"

အိတ်ထဲတွင် အနည်းဆုံး ငွေ ဆယ်ပြားပါနေတယ်ဆိုတာကို သူမပြောနိုင်တယ်။

ငွေဆယ်ပြားဆိုရင်တောင် လက်ခံနိုင်သေးတယ် အခုက ငွေတုံး ဆယ်တုံးဖြစ်နေတယ်။

သူမ ရဲ့ ကိုယ်ပိုင် ဝင်ငွေကို နှစ်သက်ပေမဲ့လည်း အရင်ဘဝက ဆရာရဲ့ ငွေကိုပဲ ယူသုံးခဲ့တယ်။

ချုယွမ် ကိုမြင်တော့ စိတ်မရှည်တော့ဘဲ ငွေအိတ်ကို ချုယွမ် ရှေ့သို့ ပစ်ချလိုက်တယ်။

အိတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားတယ်...

လုရှန်း ချုယွမ် လည်ပင်းကို ပွတ်သပ်ပြီး သွားကြိတ်နေသည်ကို မြင်တော့ နောက်ကျော အေးစက်သွားတယ်။

ဒီမြင်ကွင်းကို မြင်တော့ ချုစစ်ဟန် အံ့သြသွားတယ်။ ထို့နောက် သူ ပြုံးလိုက်သော်လည်း အပြုံးက တခဏချင်း ပျောက်ကွယ်သွားတယ် ။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Opowieści tętniące życiem. Odkryj je teraz