Ch-24 ထောင်ထဲ လာလည်တယ် -၂

1.4K 168 1
                                    

Ch-24 ထောင်ထဲ လာလည်ခြင်း -၂

သွေးထွက်သံယိုနဲ့ဆိုးသွမ်းတဲ့ လေထုတွေရှိသည့် ဒီလိုနေရာမျိုး ကလေးတွေကို မခေါ်သင့်မှန်း လုရှန်းသိသည်။

သို့ပေမဲ့ လုဂျန် နှင့် လုရှင်း တို့ကအမျိုးသမီးလျို ဆီ အလည်အပတ်သွားလိုသောကြောင့် ဒီနေရာကို ခေါ် လာခဲ့သည်။

လုရှန်း လှည့်ပြီး တိတ်တဆိတ် လျှောက်သွားကာ ကလေးများကို သူ့ဘေးနားသို့ ဆွဲလိုက်သည်။

လုရန် တင်းမာသောအကြည့်နဲ့သူတို့နောက်ကလိုက်လာသည်။ သူလည်း

ဒီလိုနေရာမျိုးကို ပထမဆုံးရောက်ဖူးတာဖြစ်သည်။

ထောင်မှူးက အစပိုင်းမှာ မည်သည့်အမူအရာမှမရှိခဲ့ပေမဲ့ လုရှန်းနဲ့အကြည့်ချင်းဆုံတော့ သူ့မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။

သူမရဲ့အဝတ်အစားတွေက ရိုးရှင်းပေမယ့် သူမရဲ့မျက်နှာအလှကို ဖုံးကွယ်ထားလို့မရပါပေ။

သူမ မျက်နှာက သူ့ လက်ဖဝါးထက်သေးပြီး မျက်လုံးတွေက ရေစိုသည်။ သူမ၏နှုတ်ခမ်းများ ပြုံးသယောင် မပြုံးယောင်ယောင် ရှိပေမဲ့ အထက်သို့အနည်းငယ်ကွေးတက်နေသည်။

သူမရဲ့လှပတဲ့ မျက်နှာလေးက ဖော်ရွေပြီး ဖော်ရွေတဲ့ပုံပေါက်စေသည်။ သို့ပေမဲ့ ချဥ်းကပ်မရနိုင်သော အသွင်အပြင်ကိုလည်းပေးစွမ်းသည်။

"မင်းက မိန်းကလေးလုပဲဖြစ်ရမယ်။"

ချုမိသားစု၏တိုင်စာကြောင့် လုရှန်းရဲ့ပျောက်ဆုံးမှုအကြောင်းကို ရုံးတော် ရှိ လူတိုင်း သိကြသည်။

ထောင်မှူးက သူမ သည် သာမန်ရွာသူလေးတစ်ယောက်ပဲလို့ယူဆထားပြီး ဒီလို လှပတဲ့ မျက်နှာရှိမယ်လို့ မမျှော်လင့်ထားပေ။

အစောင့်တွေက လုရှန်းရဲ့အလှကြောင့် ထောင်မှူးရဲ့သဘောထား သိသိသာသာ ပြောင်းလဲသွားတာကိုမြင်တော့ သူတို့ ဘာမှ မပြောဘဲ ပြုံးနေ၏။

သို့ပေမဲ့ လုရန် ထောင်မှူးကို ရဲရဲကြီး စိုက်ကြည့်ကာ လုရှန်းရဲ့အရှေ့ ခပ်သွက်သွက် လျှောက်သွားသည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Tempat cerita menjadi hidup. Temukan sekarang