Ch- 25 : ထပ်တွေ့ကြပြန်ပြီ။

1.4K 177 0
                                    

Ch- 25 : ထပ်တွေ့ကြပြန်ပြီ။

လုရှန်း ထောင်မှူးကို တံခါးဖွင့်ပေးဖို့ တောင်းဆိုသည်။ ဒါပေမယ့် လုရှန်းမဝင်ပဲ လုရန်တစ်ယောက်တည်းဝင်သည်။

"ဒုတိယအစ်မ၊အဖေကရော ဘာလို့ဒီမှာရှိနေတာလဲ?"

လုဂျန် နားမလည်ပါ။

သူ့အမေနဲ့တတိယအစ်မ အဖမ်းခံရတာကို မျက်မြင်တွေ့ခဲ့ရပေမယ့် သူ့အဖေက အရင်နေ့တုန်းက သူတို့နဲ့အတူ ရှိနေဆဲပဲလေ။

"သူက ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်တဲ့အတွက် ဒီမှာ ရှိနေတာ။"

လုဂျန် မျက်မှောင်ကြုံ့ပြီး"အမေ၊တတိယအစ်မနဲ့ထပ်တူ ပြစ်မှုကျူးလွန်ခဲ့တာလား?"

လုရှန်း ခေါင်းညိတ်သည်။"ခပ်ဆင်ဆင်ပဲ"

"ဒါဆို အိမ်ပြန်လို့ရသေးလား"

"ငါမသိဘူး။"

လုရှန်း ခေါင်းယမ်းသည်။ သူမ ကလေးတွေကို ဘာပြောရမှန်းတောင် မသိတော့။

လုရှင်း ငိုရင်း မောပန်းလာပြီး မြန်မြန် အိပ်ပျော်သွားသည်။

လုရန် လုဒါဟွားကို တစ်ခုခုပြောပြီး ထွက်လာချိန် သူ့မျက်လုံးတွေ နီရဲနေသည်။

လုရန် အိပ်ပျော်နေပြီဖြစ်သော လုရှင်း ကို ပွေ့ဖက်ထားပြီး နောက်ပြန်မလှည့်ဘဲ လုရှန်းနဲ့လုဂျန် တို့နဲ့အတူ ထောင်မှထွက်လာခဲ့တယ်။

ထောင်မှူးက လုရှန်းကို စိုက်ကြည့်နေပြီး နီးကပ်ဖို့ကြံရွယ်နေချိန် အပြင်ဘက်မှအသံထွက်ပေါ်လာ၏။

အစောင့်တွေက"သခင်ချူ၊ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ!"

သခင်ချူ ?

သူတို့ဘာကြောင့်လာတာလဲ?

သူတို့နှစ်ယောက် ဒီကိုရောက်ရတဲ့ အကြောင်းရင်းကို သူမ နားမလည်ပေမယ့် သူတို့ကို ထောင်မှူးနဲ့ကျန်တဲ့လူတွေ နှုတ်ဆက်ကြသည်။

လုရှန်း လုဂျန်ရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ကြည့်လိုက်တော့ ထောင်အပြင်ဘက်တွင် ရင်းနှီးနေသော မျက်နှာနှစ်ခု တွေ့လိုက်ရသည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Donde viven las historias. Descúbrelo ahora