Ch-12 : သူမ၏ စိတ်ကို ဖတ်လို့မရဘူး.

1.8K 216 4
                                    

Ch-12 : သူမ၏စိတ်ကို ဖတ်လို့မရဘူး။

"သူမ မသေသေးဘူး ငါ့ကိုဖမ်းလို့မရဘူး!"

လုရှန်း အသက်ရှင်နေသေးတာကို အမျိုးသမီးလျို မြင်သောအခါ ဒေါသဖြစ်သွားသည်။အမျိုးသမီးလျိုသည်အစောင့်အကြပ်များစီကနေ လွတ်မြောက်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

"သူမ မသေသေးပေမယ့် ရွမ်ယွဲ့တိုင်းပြည်မှာ အကြောင်းပြချက်ကောင်းမရှိဘဲ ဆွေမျိုးတစ်ယောက်ကို သတ်လိုက်တာဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆယ်ခုထဲက တစ်ခုလို့ ဆိုထားတယ်။ဒါကြောင့် တရားခံကို သေသေချာချာ အရေးယူသင့်တယ်။"

အေးစက်စက်အသံကိုကြားတော့ လူတိုင်းက အဖြူရောင်ဝတ်စုံ ဝတ်ထားသော၊ချောမောသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

လုရှန်းသည် အမျိုးသမီးတစ်ယောက်နောက်ကျောတွင်ရပ်၍ ခေါင်းကို ငုံထားပြီး စကားပြောသူကို ချောင်းကြည့်သည်။

အမျိုးသမီးလျို က ချုစစ်ဟန်ကို စူးစူးစိုက်စိုက်ကြည့်၏။အမျိုးသမီးလျိုရဲ့အကြည့် ကြောက်စရာကောင်းနေ၏။

ချုစစ်ဟန် သည်အမျိုးသမီးလျို လှမ်းကြည့်ပြီး အုပ်ချုပ်ရေးအရာရှိဝမ် ကို လက်ဝေ့ယမ်းပြလိုက်၏။"ခေါ်သွား။"

"မဟုတ်ဘူး! မဟုတ်ဘူး! သူမ အသက်ရှင်နေသေးတယ်လေ! မင်းငါ့ကိုဖမ်းလို့မရဘူး!"

အမျိုးသမီးလျိုရဲ့ကြည်နူးမှုအမူအရာသည် ချက်ခြင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု လွှမ်းသွားသည်။

"အမေ၊အမေ!"

လုဂျန်နဲ့လုရှင်း ဘာတွေဖြစ်နေတာလဲ မသိကြပေ။တစ်စုံတစ်ယောက်က မိခင်ကို ဖမ်းထားတာကိုတွေ့တော့ ကြောက်ရွံ့သွားသည်။

လုဒါဟွားကသူတို့ကို နောက်ပြန်ဆုတ်စေကာ အမျိုးသမီးလျိုအနားကို မကပ်ဖို့ တားသည်။သူ လုရှန်း ကို ကျေနပ်စွာ ကြည့်နေ၏။

ကောင်းလိုက်တာ!

ငါ့ငွေငါးရာရဖို့ အခွင့်အရေးရှိသေးသည်။

အမျိုးသမီးလျိုနဲ့လုနိုင်း တို့ကို ဆွဲထုတ်သွားတာကို မြင်တော့ လုရှန်းကသူမရဲ့မျက်ရည်များကို သုတ်လိုက်ပြီး ကြောက်နေဟန်အမူအရာဖြင့် ကျေးဇူးတင်စကားပြောခဲ့သည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Donde viven las historias. Descúbrelo ahora