Ch-8 : ဝိညာဉ်

1.8K 227 1
                                    


Ch-8 : ဝိညာဉ်

နတ်ဆရာ ရဲ့ ပြင်းထန်သောပြောင်းလဲမှုကလု ဒါဟွား နဲ့ မဒမ်လျို ကို အံ့အားသင့်စေတယ် ။ ဒီမြင်ကွင်းကို အပြင်မှကြည့်နေသော ရွာသားများပင် ထိတ်လန့်သွားကြတယ်။

လုရှန်း အိမ်ဝင်းအတွင်းရှိ အဖြူအမည်း များကို မြင်တော့ သူမရဲ့ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ အမူအရာ ရှုပ်ထွေးလာတယ်။

အနက်ရောင်သည် မူလ လုရှန်းရဲ့ မိခင် မဒမ်ဟဲ ၏ဝိညာဉ်ဖြစ်တယ် ။ အတွင်း၌ ပြင်းထန်သော နာကြည်းမှုများကြောင့် မဒမ်ဟဲ ၏ ဝိညာဉ် မည်းမှောင်သွားခဲ့တယ်။

အဖြူရောင်သည် မူလ လုရှန်း၏ ဝိညာဉ်ဖြစ်တယ်။

မဒမ်ဟဲ ၏ဝိညာဉ်သည် လုဒါဟွား နဲ့ မဒမ်လျို ရဲ့ နောက်တွင် ရပ်နေပြီး သူတို့ကို စိုက်ကြည့်နေတယ်။

တစ်ဖက်မှာ မူလ လုရှန်းရဲ့ ဝိညာဉ်က ဘေးမှာရပ်နေတယ်။ ခေါင်းငုံ့နေကာ အနည်းငယ် လမ်းပျောက်နေပုံရတယ်။

သုံးရက်သာရှိတော့သည်မို့ သေသွားမှန်း တောင် မသိသေး။

"ကံကြောင့် မင်းလုပ်ခဲ့သမျှ ပေါ်လာလိမ့်မယ်။ မင်းရဲ့ကျောကိုကြည့်။"

စကားပြောပြီးနောက် ယဇ်ပုရောဟိတ် ဒေါသတကြီး ထွက်သွားတယ်။

လုရှန်း ယဇ်ပုရောဟိတ် ကို စိုက်ကြည့်ပြီး ရှုပ်ထွေးတဲ့အမူအရာနဲ့ စိတ်ဝိညာဉ်နှစ်ခုကို ကြည့်လိုက်တယ်။

သူမ ဂါထာစာရွက်တစ်ခုကို ထုတ်ယူကာ မျက်လုံးကိုမှိတ်ပြီး "မင်းရဲ့ဆုံးမပဲ့ပြင်တဲ့ လုရှန်းဟာ ဒီနေ့ ပျံ့လွင့်နေတဲ့ ဝိညာဉ်နှစ်ယောက်ကို တွေ့ခဲ့တယ်။ နတ်ဘုရားတွေက ငါ့ရဲ့ဝိညာဉ်တွေကို ရွေးနုတ်ပြီး ငြိမ်သက်စွာ အနားယူပါစေ။"

သူမရွတ်ဆိုနေစဉ်တွင် စိတ်ဝိညာဉ်နှစ်ခု အဖြူအမည်းအမြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး လုရှန်းကိုင်ဆောင်ထားသော ဂါထာစာရွက် ဆီသို့ ပျံသန်းသွားတယ်။

မူလ လုရှန်းရဲ့ စိတ်ဝိညာဉ် ရှုပ်ထွေးသွားပြီး ချက်ချင်းပင် မှိုထဲသို့ စုပ်ယူခံလိုက်ရတယ်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Donde viven las historias. Descúbrelo ahora