Ch-33 : အမျိုးသမီးကျောင်း၏ထောင်ချောက်

1.4K 162 0
                                    

Ch-33 : အမျိုးသမီးကျောင်း၏ထောင်ချောက်

"မဟုတ်။ မဟုတ်ပါဘူး!"

သခင်မချု မကျေမနပ် ပြုံးပြီး"လင်းအာ က နူးညံ့သိမ်မွေ့ပြီး နာခံတတ်သူပါ။ အရမ်းကြင်နာတယ်! သူမ မှာ ဒီလောက် ခြယ်လှယ်နိုင်မဲ့ နည်းလမ်း မရှိပါဘူး။"

"တကယ်လား?"ချုစစ်ဟန် ဖျတ်ခနဲ ပြုံးသည်။"အမျိုးသမီးဂျန် ဟာ ပညာတတ်၊နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တယ်လို့ အဖွားပြောခဲ့ဖူးတာကို သတိရမိတယ်"

အမျိုးသမီးဂျန်နဲ့သခင်ကြီးချု လက်ထပ်ထားတာကို သိချိန်က သူ့အသက် ၅ နှစ်အရွယ် ဖြစ်သည်။

ထိုနှစ်မှာ ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေခဲ့သည်။

သူ့စကားက သခင်မချုကိုပြောစရာစကားမဲ့စေပြီး အနားယူဖို့ဆင်ခြေသုံးပြီး ထွက်လာရုံသာတက်နိုင်ခဲ့တယ်။

"သခင်၊ချုစစ်လင်းအကြောင်း..."

သခင်မချု ထွက်သွားတာနဲ့ချုယွမ် ရှေ့ကို လျှောက်လာပြီး စကားပြောတယ်။

"လောလောဆယ် သူ့ကို လျစ်လျူရှုလိုက်"ချုစစ်ဟန် မျက်နှာမပြဘဲ လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့"ကန်းအိမ်တော် မှာ သံသယရှိသူတစ်ယောက်ကို ဖမ်းမိတယ်လို့ တရားသူကြီးက ပြောတယ်။လှည်းပြင်ထား ရုံးတော်ကို သွားမယ်။"

"ကောင်းပြီ။"

သူ့အမိန့်ကိုလက်ခံပြီး ချုယွမ်လှည့်ပြီးထွက်သွားသည်။

ချုစစ်ဟန် စာရွက်စာတမ်းကို ကောက်ယူပြီး ဆက်လက်စစ်ဆေး၏။သို့သော် လုရှန်း က မနေ့ညကလူ ဟုတ်၊မဟုတ် သူစဥ်းစားနေခဲ့သည်။

နောက်နေ့။

လုရှန်း နိုးလာပြီးတော့ ခါတိုင်းလို ဟင်းရွက်များ ကို လှမ်းကြည့်သည်။

တစ်ဖက်တွင်၊လုရန်က သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ကျောင်းတက်ရန် ပြင်ဆင်သည်။

လုဂျန်နဲ့လုရှင်းတို့ဟာ အမျိုးသမီးလျိုနဲ့လုဒါဟွားတို့စီက အလည်အပတ်ပြန်လာပြီးကတည်းက သူတို့အကြောင်း မပြောတော့။

လုရှန်း သူတို့ကို ဒီရက်အနည်းငယ်အတွင်း အပြင်မထွက်ဖို့ ပြောခဲ့ပြီး သူတို့လေးတွေ နာခံမှုရှိသည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Where stories live. Discover now