Ch-27 : ရှင့်ဦးလေး လား?

1.4K 187 0
                                    

Ch-27 : ရှင့်ဦးလေး လား?

သူက အသက်ကြီးပြီး အဂတိလိုက်စားတဲ့ အရာရှိတစ်ဦးလို့ သူမကို ဘယ်သူပြောတာလဲ?

ချုစစ်ဟန်က အသက်၁၅ နှစ်တွင် သူ့ရဲ့မြို့တွင် ထိပ်တန်းကျောင်းသားဖြစ်နေပြီ ခရိုင် ၁၅ ခုမှာရပ်တည်နိုင်ပြီ။ နောက်ဆုံး ဟန်လင်းကောလိပ်ဝင်ရောက်ပြီး အင်ပါယာကစာရေးတစ်ယောက်ဖြစ်လာခဲ့တယ်။

အသက်၁၈နှစ်တွင် အမဲလိုက်ပွဲ၌ ဧကရာဇ်မင်းရဲ့အသက်ကို ကယ်တင်ခဲ့သည်။ ဒါကြောင့် သူက စတုတ္ထအရာရှိအဖြစ် ရာထူးတိုးမြှင့်ခံရပြီး လင်းဂျန်အိမ်တော်ရဲ့တရားသူကြီးအနေနဲ့ခန့်အပ်ခြင်းခံခဲ့ရသည်။

ထိုအချိန်တုန်းက သူ သည် ဟောင်ရန်မြို့နဲ့ရွမ်ယွဲ့ တိုင်းပြည်တစ်ခုလုံးကို အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့တယ်။

ဒါ့အပြင် အမှုပေါင်းမြောက်မြားစွာကို ဘက်မလိုက်ဘဲ တရားမျှတစွာ ကိုင်တွယ်ခြင်းကြောင့် သူရဲ့ကျော်ကြားမှု က ဒီ ၂ နှစ်အတွင်းမှာ တိုးတက်လာခဲ့တယ်။

သူမ ပြောမှာပဲ သူက ဘယ်လိုလုပ် အကျင့်ပျက်တဲ့ အရာရှိဖြစ်သွားတာတုန်း ??

"အဆင်ပြေရဲ့လား? ရှင့်အမူအရာကဘာလို့ရုပ်ဆိုးနေတာလဲ?"

လုရှန်း သူ့ကို သံသယနဲ့ကြည့်သည်။

ခဏနေဦး သူ့မျိုးရိုးက 'ချု ' လို့ ပြောခဲ့တာမဟုတ်လား? ငါလက်ထပ်မယ့်လူက ချုမျိုးရိုး မလား?

"တရားသူကြီးက ရှင့်ဦးလေးလား?"

ချုစစ်ဟန် စကားမပြောနိုင်အောင်ဖြစ်သွားသည်။

အခု သူ ဦးလေး တစ်ယောက် ဖြစ်သွားပြန်ပြီ။

"အဲဒါ အရေးမကြီးဘူး။"

အရေးကြီးတာက။

"မင်း က မနေ့ကလူလား"

"ဟုတ်ရင် ဘာဖြစ်မလဲ? မဟုတ်ရင် ဘာဖြစ်မလဲ?"

သူမ ယောင်ဝါးဝါးဖြင့် ပြန်ဖြေပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။"ဒီကိတ်မုန့်တွေကို ကျွန်မ ယူလို့ရမလား"

စောစောက မြည်းကြည့်တော့ တော်တော်အရသာရှိသည်။လုဂျန်နဲ့လုရှင်းတို့ ကြိုက်လိမ့်မည်။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Opowieści tętniące życiem. Odkryj je teraz