Ch 41- စမ်းသပ်မှု (2)

1.3K 154 0
                                    

Ch 41- စမ်းသပ်မှု (2)

သန်စွမ်းတဲ့လူ၏စကားအဆုံးသတ်သည်နှင့် လုရှန်း အနီရောင်ပုံရိပ်လေးကို မြင်လိုက်သည်။

ကန်းရူမား ဆိုတာ ပြောစရာမလိုပါ။

လုရှန်း ထိုလူ ကို ကျေးဇူးတင်စကားပြောပြီး ကန်းရူမား အနောက်ကို အမြန်လိုက်သွားတယ်။

"သူမ အရမ်းလှတယ်။ ပန်းချီကားထဲက ထွက်လာသလိုပဲ သူမ ဘာလို့ ဒီလောက်တောင် တက်ကြွနေရတာလဲ?"

သန်မာသည့်ထိုလူ လုရှန်းရဲ့နောက်ကျောကိုကြည့်ပြီးတော့ ခေါင်းယမ်း၏။ နောက်တော့ ထိုလူ အသံချဲ့စက်ကဲ့သို့ဆက်နှိုးဆော်တော့သည်။

လုရှန်းက စောစောရောက်တာမို့ ကြည့်ရှုသူ သိပ်မရှိပါ။

အနီရောင်ထီးကို ကိုင်ဆောင်ကာ အလွန်စိုးရိမ်နေတဲ့ပုံပေါက်နေတဲ့ ကန်းရူမား ကို ချက်ချင်းတွေ့လိုက်သည်။

တရားခံကို ဖမ်းမမိသေးပေမယ့် လက်ရှိ ခန်းမထဲက လူတွေအားလုံး ရှိနေပြီဖြစ်သည်။

ကန်းရူမား လုရှန်းကိုတွေ့တွေ့ချင်းပြေးလာသည်။

"တာအို ဆရာမ၊အခု ဘာလုပ်ရမလဲ?"

ကန်းရူမား ဘာမှ မလုပ်နိုင်တာကြောင့် စိတ်ပူနေ၏။

"စိတ်မပူပါနဲ့!"လုရှန်း တိုးတိုးလေးပြော၏။"စောင့်ကြည့်ရအောင်"

ကြည့်ရှုသူများ ပိုမိုစုရုံးများပြားလာတာနဲ့'တရားခံ' ကို အမြန်ခေါ်ဆောင်လာ၏။

သူက ပိန်ပိန်ပါးပါးနဲ့သူ့နောက်ကျောမှာ ကြာပွတ်အမာရွတ်တွေ အများကြီးနေသည်။ သူ့ခန္ဓာကိုယ်ပေါ် က သွေးများ မခြောက်သေး။

သူ့ခန္ဓာကိုယ်ကို အစောင့်တွေဆွဲလာကြသည်။ သူရဲ့ရှုပ်ပွနေတဲ့ ဆံပင်တွေက သူ့မျက်နှာကို ဖုံးလွှမ်းနေတာမို့ သူ့ရဲ့အမူအရာကို မမြင်ရပါ။

သူ့ဘေးပတ်လည် ပတ်ဝန်းကျင်တွင် သေခြင်းတရားရှိနေ၏။ အသက်ရှင်လိုစိတ်မရှိတော့ဘူးဆိုတာ ထင်ရှားသည်။

လုရှန်းရဲ့ပထမဆုံး တုံ့ပြန်မှုကတော့ မျက်မှောင်ကြုံသွား၏။ကန်းရူမား သည် လျှောက်သွားပြီး အစောင့်နှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်နေ၏။

MMtras-20 : သခင်ချုရဲ့မိန်းမက တောသူလေး။(Book1)Nơi câu chuyện tồn tại. Hãy khám phá bây giờ