Uni code
လှလှရဲ့ နိဒါန်း
သူနာမည်က လှလှ၊
အမှန်တော့ မေမေတို့ဖေဖေ တို့ပေးတာက မောင်လှ၊
သူကတော့ ဒါမျိုးတွေမကြိုက်၊
“အမေတို့ကလဲ ကျုပ်ကို လှဝေ၊ လှမျိုး လို့ပေးခဲ့ရင်ကောင်းသား ခုတော့ မောင်လှတဲ့ နာမည်ကလဲ တုံးပ၊ တကယ်ပဲ”လှလှကတော့ အလိုမကျရင် စူပုတ်ပုတ်နဲ့ မျက်နာက မသာမယာ နူတ်ခမ်းတစ်တောင်လောက် ထော်နေပါပြီး။
ဟိုစာရေးဆရာမလို နာမည်လှလှပေးခဲ့ရင်ကောင်းသာ။“ပုံတုံးကြီး လှမျိုးလို့ပေးခဲ့ရင် လှမျိုးခင် ဆိုပြီး လုပ်လို့ရသေးတယ် ခုတော့ အဟင့်”
သူကတော့ စကားပြောရင် “လှလှကလေ လှလှကလေ” အဲဒီလိုထည့်ပြောကာမှ သဘော တွေ့သည်။ အများပြောကြသည့် ဟိုမရောက် ဒီမရောက် ခြောက်တောက်တောက်၊ သူမွေးရပ်ဇာတိလည်း ကြည့်အုံး ၀က်ခဲတဲ့ မြို့မကျတောမကျ၊ သူ့ လိုပင် ဟိုမရောက်ဒီမရောက်၊ ခြောက်ဂေါက်ဂေါက်။
သူကတော့ မွေးကတည်းခြောက်ပြီ “ငါဟဲ့အခြောက်” လို့ပင်အော်ပြီး မွေးလာသလာ အောင့်မေ့ရသည်။
ငယ်ငယ်ကတည်းက ဆော့ကစားတာပင် အိုးပုတ်တွေဖြင့် အဒေါ်ကြီး ၊ အမကြီးတိုင်း သာ ကစားသည်။ ပုဆိုးကို ထမိန်လိုဝတ် မျက်နာသုတ်ပုဝါကို ဆံပင်တု လုပ်ပြီးတော့မှ ဟန်ပန် အချိုးအစား အမူယာ များဖြင့် ကစားသည်။
ထိုအချိန်မျိုးဆိုရင်တော့ ဖေဖေ နှင့် အကိုတွေ့ လို့ကတော့ လှလှကျောကော့ပြီသာ မှတ်တော့၊ အကိုအောင်ကြိုင် နှင့် အဖေကျော်ဒိုး က ကြိုက်ကြသည်မဟုတ်။
သားမွေးထားပြီး သားယောက်ျားလေးလို မနေတော့ မျက်စိထဲမတွေ့လို့ကတော့ တွေ့တာနှင့်ကောက်ပေါက်၊ ရိုက်သည်။ လှလှကလဲ ရိုက်ပြီးဆိုရင် မမနှင့် အမေဆီပြေးသည်။
မမကတော့ လှလှကိုချစ်သည် ထိုကြောင့်လဲ လှလှလုပ်သမျှကို အသာတကြည်ပင်။
မေမေကတော့ ပြောမရလက်လျှော့ထားရသည်။
“ငါသားလေး မွေးထားတာပါဟယ် ဘယ်ကဘယ်လို တွေဖြစ်လာခဲ့မှန်းကို မသိဘူး၊ မနိုင်လို့သာ ဒီအတိုင်းကြည့်နေရတယ်”မေမေကတော့ နုတ်ကသာပြောသည်။ လက်ကတော့ ဘယ်တော့မှမပါ၊ လှလှဒါကြောင့် မေမေကို ဖေဖေ့ထက် ပိုချစ်သည်။
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်