စမ်းရေကြည်ပေါက် (အပိုင်း - ၂)
Uni code
၀သုန်လစဉ် ကိုကိုဆီကို ပိုက်ဆံသွားပြီးပို့ပေးနေရသည်။
ကိုကိုက ကြီးမေ လှလှအလုပ်ပျက်မည်။ ကြီးမေကို လာမပို့နဲ့လို့မှာထားပြီး ၀သုန်ကိုပဲ ပို့ပေးစေခဲ့သည်။၀သုန်အသက်က ၁၅ နှစ် သို့ပေမယ့် လူကောင်ကထွားသည်။ လူကြီးပုံပင်ပေါက်လို့နေပါသည်။
ကိုကိုဆေးကျောင်းတက်ကတည်းက ကျောင်းစားရိတ် ပိုက်ဆံများကို ၀သုန်ပဲ လစဉ်သွားပို့နေခဲ့ရသည်။
ထိုကြောင့် ထိုလမ်းသည် သူ့အတွက်တော့ ကျင့်သားရနေပြီးသား ဖြစ်နေပါသည်။လှလှကတော့ စီးပွားရေးတွင်လုံးပန်းနေရတော့ မန္တလေး ကိုလဲ မရောက်၊ ရာသီအလိုက် စီးပွားရေးကို လောဘ တကြီး လိုက်ရှာနေရသည်။
လှလှကတော့ သူမောပန်းသမျှ ဒီသားလေး နှစ်ယောက်အတွက်သာ ဖြစ်နေပါတော့သည်။“ရော့ကိုကို အတွက်၊ ကြီးကြီးကပြောတယ် ဒီလအတွက် မလောက်ရင်လဲ ပြောတဲ့၊ ဆေးကျောင်းဆိုတော့ ပိုက်ဆံတအားလိုမှာ ဆိုတာကို ကြီးကြီးကစိုးရိမ်နေတာ”
“ရပါတယ် ညီရယ် ကိုကိုလောက်ငအောင် သုံးပါတယ်၊ ဒါနဲ့ ကြီးမေရောနေကောင်းကျန်းမာရဲ့လာ”
“ကိုကိုကလဲ ဆရာဝန် မဖြစ်သေးဘူး လူတွေ့တာနဲ့ ကျန်းမာလား မေးနေတယ်၊ ကြီးကြီးလဲ ကိုကို့ ကိုလွမ်းနေတယ်၊ ကျန်းမာလို့တောင် ရန်တောင်ဖြစ်နိုင်သေးတယ်”“ဟင်…”
“အော် သဘောပြောပြတာ ကျန်းမာတာမှ ဟိုဘက် တစ်ဘက်ကမ်းကို လွန်လို့”
“ကြီးမေကို ဂရုစိုက်ပါကွာ၊ ကိုကိုတို့ညီအကို ကို ကြီးမေပဲ ဂရုစိုက်ခဲ့တာ၊ ကြီးမေကျေးဇူးက ပြောမပြတတ်အောင်ပါပဲ၊ ကိုကိုလဲ ကျောင်းပြီးရင် ကြီးမေကိုနားခိုင်းတော့မယ်”
“အင်းပါ ကိုကိုသာ ကျန်းမာပြီး စာကြိုးစား၊ ညီလဲ တစ်ဘက်တစ်လမ်းက လုပ်ပေးမှာပါ၊ ကိုကိုကျောင်းက ပြီးမှာမဟုတ်သေးဘူး နောက်နှစ်ဆိုရင်တော့ ကျနော် ဆယ်တန်းပြီးပြီ အဲ့ဒီအခါကျရင်တော့ အလုပ်၊ လုပ်တော့မယ်”
မိုးယံ ၀သုန်ခေါင်ကို ပုတ်လိုက်ပါသည်။
“ညီကလိမ္မာပါတယ်၊ ကြီးမေကိုစိတ်ညစ်အောင်လဲ မလုပ်နဲ့အုံး၊ ရန်လဲမဖြစ်နေနဲ့”
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်