7

418 33 0
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၇)

နောက်ပိုင်း သူတို့ အဖွဲ့ထဲသို့ ၀သုန် အတိအလင်း ၀င်ရောက်လာခဲ့တော့သည်။ သူတို့ အဖွဲ့သည် ယခင်ကထက် ပိုပျော်မြူးလာကြသည်။ ယခင်ကထက် ပို၍သက်ဝင်လှုပ်ရှားလာသည်။ မိန်းခလေး နှစ်ယောက်ကတော့ ပို၍ဆိုးလာသည်ဟုပြောရမည်။ ၀သုန်မလာခဲ့လျှင် မျှော်နေကြသည်။
တိတ်တဆိတ် မျှော်နေရသူကတော့ မင်းခနိုင်ပင်ဖြစ်လာသည်။ အရင်က စကားသွက်သော မင်းခနိုင်၊ အရင်က ထိပ်ဆုံးက သူငယ်ချင်းများကို ဦးဆောင်ခဲ့သည့် မင်းခနိုင် ယခုတော့ ငြိမ်သွားတော့သည်။
၀သုန်မလာခဲ့လျှင်လည်း မျှော်နေတတ်ပြီး၊ ၀သုန်ရောက်လာခဲ့လျှင်လည်း မနာလို ၀န်တိုစိတ်များက ကြီးထွားကာ တစ်ဦးတည်း အပူမီးများလောင် မြိုက်နေတော့သည်။ သူတို့ တစ်ဖွဲ့လုံးထင်ထားသည်က ၀သုန်သည် သူတို့အဖွဲ့ထဲမှ ကောင်မလေးတစ်ယောက်ကို ကြိုက်နှစ်သက်နေသည်ဟု ထင်မြင်ထားသော ကြောင့်ဖြစ်ပါသည်။
၀သုန်သည် သူတို့ဆီကို အမြဲပင် မနက်ပိုင်းလာတတ်သည်။ နေ့လည်ပိုင်းကြရင်တော့ သူတို့လဲ ကျောင်းတက်သလို ၀သုန်သည်လဲ ပြန်သွားတော့သည်။ အနိုင်နှင့် သန့်စင်ပင် ၀သုန်ကို ခင်မင်လာကြတော့သည်။ ၀သုန်သည် သူတို့အဖွဲ့နှင့်တွေ့လျှင် သူတို့မသိသော လူ့ဘ၀အကြောင်းတွေ ပြောပြသည်။ 

“လူသားအားလုံးက အတူတူတွေကြီးပါပဲ၊ ခွဲခြားစိတ်ဖြားဆက်ဆံကြတဲ့သူတွေသာ လူသားမမြှောက်ကြတာ၊ လူရယ်လို့ဖြစ်လာရင်တော့၊ ဘာကြီးရယ်၊ ဘယ်သူ့သားရယ် ခွဲခြားစိတ်ဖြားနေစရာမလိုပါဘူး၊ လူသားအားလုံးကို လူလို့တန်ဘိုးထားပြီး ကြည့်တတ်မှသာ လူပီသမယ်မဟုတ်လား၊ လူပီသခြင်သူများက လူပီသစွာလုပ်ဆောင်တတ်ကြသည်မဟုတ်လား”

လူတိုင်းကို တန်းတူထားရန်ပြောသည်မှာ အထပ်ထပ်ပင်၊ လူများကို ကူညီပေးရန်လဲ ပြောတတ်သည်။ 

“လှူကြည့်လိုက် ပေးကြည့်လိုက်ပါ၊ ကိုယ့်မှာရှိတဲ့ မုန့်လေးကနေပြီး တစ်ဖဲ့လောက်လေးပဲ မျှပေးကြည့်လိုက်ပါ။ လိုအပ်လို့လက်ခံတဲ့သူက ပျော်ရွှင်သွားရင်လေ ကိုယ်တိုင်လဲ ထိုအပျော်ထဲမှာ စီးဝင်သွားပြီး ကြည်နူးမှု့လေး ဖြစ်နေတာကို ဘာနဲ့မှလဲလို့မရအောင် ကိုတန်ဘိုးရှိတာသိလာလိမ့်မယ်”

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Where stories live. Discover now