9

358 28 0
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၉)

“မင်းခ စားမေးပွဲဖြေနိုင်လာ”
“ဖြေနိုင်တာပေါ့ ကိုကြီးပေးတဲ့ ချစ်အင်းအားတွေကြောင့် ဖြေနိုင်တယ်”
“ဒါဆိုကျောင်းပိတ်တော့မှာပေါ့”
“ဟုတ်တယ်လေ မနက်ဖြန်ကစပြီး ပိတ်ပြီး”
“အင်း ဒါဆိုရင်တော့ ကိုကြီးနောက်နှစ်ရက်ကျရင် ကိုကြီးရဲ့ နယ်ကို ပြန်တော့မယ်”
“ဟင်”
၀သုန်စကားကြောင့် မင်းခမျက်နာလေ ငယ်သွားပါတော့သည်။
“ဘာဖြစ်သွားတာလဲ အဲ့ဒါက”
“ဘာမှဖြစ်ပါဘူး”
“ဘာမှ ဖြစ်ဘူးလဲ ပြောသေးတယ် အသံက ၀မ်းနည်းသံကြီးနဲ့”
“ကိုကြီးက သွားမယ်ဆိုတော့ ကျနော်က ပျော်နေရမှာလာ”
“ပျော်ရမှာပေါ့”
“ဟာဗျာ ငိုချင်နေတာနော် ကျနော် စိတ်ဆိုးအောင်မပြောနဲ့”
“ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ”
“ကျနော်ကိုထားသွားမှာကိုပေါ့ဗျ”
“ဘယ်သူက ထားသွားမယ်ပြောလို့လဲ”
“ဗျာ”
“ဟုတ်တယ် ထားမသွားဘူး အိမ်ကို လိုက်ခဲ့၊ ကိုကြီးမှာ ကြီးမေတစ်ယောက်ရှိတယ်၊ ကြီးမေကို သားချစ်သူကို အိမ်ခေါ်လာတယ်လို့ သွားကြွားမလို့”
“ဗျာ….တစ်ကယ်…”
“တစ်ကယ်ပေါ့ဟ ဒါနောက်စရာမှမဟုတ်တာ၊ ကိုကြီးက အကြီးဆိုတော့ မင်းခကို သတ္တိရှိစွာ ရင်ဆိုင်နိုင်ဘို့ လုပ်ရတာလေ”
“ဟေး…………………….ဝေ…………………….”

မင်းခမှာ ကလေးတစ်ယောက်လို ခုန်ပေါက်ကာအော်ဟစ်နေပါတော့သည်။ ၀သုန်သည်လဲ မင်းခကို ကြည့်ကာ အပျော်များပင်ကူးစက်သွားတော့သည်။
မင်းခကတော့ ၀သုန်ခေါ်မည်ဆို၍ လွန်စွာမှ ပျော်ရွှင်နေပါတော့သည်။

“ကိုကြီးနယ်က ဘဲမှာလဲ”
“ရွှေဘို”
“ရွှေဘို ဟုတ်လား….”
“ဟုတ်တယ်လေ”
“ဟာ ရွှေဘိုက ကျနော်မွေးရပ်ဇာတိပဲ၊ ပြီးတော့ ကျနော် အမလဲ ရွှေဘိုမှာရှိတယ်၊ သူကဒေါက်တာ၊ ယောက်ဖလဲဒေါက်တာ”
“ဟင်…”
“ဟုတ်တယ် အမက မန္တလေး မှာပဲကျောင်းတက်တာ ကျနော်လိုပေါ့ ကျနော်လဲ မန္တလေးးမှာပဲနေတာလေ၊ အမေကတော့ ရွှေဘိုကို သွားချည် ပြန်ချည်ပါပဲ”
“သူတို့ကရွှေဘိုမှာလာ”
“အမေကတော့ မန္တလေး မှာပဲ ရွှေဆိုင်ဖွင့်ထားတယ်၊ အမကတော့ ရွှေဘိုမှာ ဆေးတိုက်ဖွင့်ထားတယ်၊ အမဆီလဲ သွားရတာပေါ့”
“အော်…..အင်း…”
၀သုန် ကိုကိုတို့ ရွှေဘိုရောက်နေသည်ကို မသိပါ၊ ကြီးမေနှင့် တစ်လတစ်ခါ ဖုန်းပြောတိုင်းလဲ ကိုကို အကြောင်းကို မသိခဲ့ရပါ၊ သူကလဲမမေးခဲ့သည့် အတွက် ကြီးမေကလဲ မပြောခဲ့တာဖြစ်မည်။ 
“ကိုကြီး”
“ဟင်”
“ဘာလို့ငိုင်သွားတာလဲ ကျနော်ကတော့ တအားပျော်တာပဲ”
“မင်းခက ဟိုရောက်ရင် မင်းခ အမဆီသွားနေမှာလာ”
“မနေပါဘူး ကိုကြီးနဲ့လိုက်နေမယ်လေ”
“မင်းခအမသိသွားရင်ရော”
“ဘာဖြစ်လဲ ကျနော် နေချင်တဲ့နေရာနေမှာပေါ့ အမကတော့ ကြောက်ဘူး”

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Where stories live. Discover now