စမ်းရေကြည်ပေါက် (အပိုင်း - ၁၆)
Uni
မင်းခသည် ၀သုန်အိမ်ကိုလာလိုက်ပြန်လိုက်နှင့် ချောင်းပေါက်နေပါတော့သည်။ ၀သုန်စိတ်ထဲမှာ မင်းခကို တွေ့လျှင် မကျေနပ်သလိုဖြစ်သလို ၊ မင်းခကိုမတွေ့ရရင်တော့ ၀သုန်မသိမသာ လိုက်ရှာမိနေတာ ၀သုန်ကိုယ်တိုင်သိရှိနားလည်နေပါသည်။
ဒီနေ့စောစောပြန်လာသော ၀သုန်အိမ်တွင်မည်သူုမှမရှိနေသည့်အတွက် အနည်းငယ်စိတ်မကျေနပ်သလိုဖြစ်နေပါတော့သည်။ ယခင်ရက်များဆိုလျှင် ၀သုန်ပြန်ရောက်သည့် အချိန်တွင် တစ်ယောက်ယောက်ရှိနေတတ်ပါသည်။ သူကပင်စောလို့နေသည်လားမပြောတတ်ပါ၊ မည်သူကိုရန်ရှာလို့ ရှာရမည်မှန်းလဲမသိတော့၊ ထိုကြောင့် အိမ်နောက်ဘက်ကိုသွားကာ ရေချိုးလိုက်ပါတော့သည်။
ရေချိုးပြီးနောက်တွင် မိမိအခန်းကိုပြန်လာကာ အ၀တ်စားများလဲရန်အတွက် ပြင်ဆင်နေတုန်းမှာပဲ အိမ်ရှေ့မှ လူသံကြားလိုက်သည်။ ကြည့်ရသည်မှာ ကိုကိုတို့ပြန်လာသည်ဟုထင်မှတ်ပြီး ၀သုန်အ၀တ်ကို စိတ်အေးလက်အေးလိုက်ရှာနေလိုက်သည်။မင်းခသည် ကြီးမေနှင့်အတူ ကြီးမေတို့ ဆိုင်မှပြန်လာခြင်းဖြစ်ပါသည်။ လေးခိုင်တို့လေးပိုင်တို့လဲ ပါလာသည်။ သူတို့တွေက အိမ်တွင်ညကျရင် တစ်ခုခုလုပ်စားရန် ဈေးဝင်ဝယ်နေသဖြင့် မင်းခတစ်ယောက်တည်း အိမ်သို့ထွက်လာခဲ့ခြင်းဖြစ်ပါသည်။
ကိုကြီးသည် ဒီအချိန်ဆိုလျှင် ပြန်မလာသေးဟု တွက်ထားသော မင်းခကတေ့ာ ကိုကြီးအိမ်ကို မရောက်ခင် လုပ်နေကြ အတိုင်း ကိုကြီး အခန်းထဲ ၀င်ကာ ကိုကြီးရဲ့ အ၀တ်များကို နမ်းကာပြန်ဖွ ပြန်ခေါက်ပေးနေကြ အတိုင်း လုပ်ရန် ကိုကြီးအခန်းကို တန်းတန်းမတ်မတ် ၀င်ခဲ့ လိုက်တော့သည်။
ဖြစ်ချင်တော့ ၀သုန်သည်က အ၀တ်ဗီရိုတွင်ထိုင်ကာ အ၀တ်ရှာနေသည်။ အ၀တ်ဗီရိုသည် ကုတင်း၏ ယာဘက်အခြမ်းတွင်ရှိနေသည်။ ကုတင်နှင့် ဗီရိုကြားတွင် အ၀တ်ခန်းစီးတစ်ခုကာထားသည်။
ထိုခန်းစီးကို ၀သုန်စိတ်ကူးဖြင့် ကာထားခြင်းဖြစ်ပါသည်။ ထိုအကာကိုယူကာ ၀သုန်အမြဲတမ်း အ၀တ်စားများကို လွတ်လွတ်လပ်လပ် လဲတတ်သည့် အကျင့်ကြောင့် အခန်းတံခါးမရှိသော သူတို့အိမ်လေးအတွက် အကာကွယ် တစ်ခုသာ ဖြစ်နေပါသည်။ အိပ်ခန်းလို့သတ်မှတ်ထားသော အခန်းတံခါးများသည် လိုက်ကာခန်းစီးများသာ ကာထားသဖြင့် တံခါး သဖွယ် ရှိနေပါသည်။
ထိုကြောင့်မင်းခ၀င်လာလာခြင်း ၀သုန်ကိုမမြင်မိပါ၊ ၀သုန်သည်လဲ မိမိအခန်းထဲကို မင်းခ၀င်လာသည်ကို မသိရှိပဲ စိတ်လွတ် ကိုယ်လွတ် ပြုမူနေပါသည်။ မင်းခသည် အ၀တ်ဗီရိုကိုကာထားသော ခန်းစီစကို ဖယ်လိုက်တော့ မထင်မှတ်ပဲ ၀သုန်ကိုမြင်ကာ လန့်အော်သည်။ ၀သုန်သည်လဲ မထင်မှတ်ပဲ မင်းခကာထားသည့် ခန်းစီးစကို ဖယ်လိုက်သောကြောင့် လန့်ဖြတ်သွားပါတော့သည်။
“အား…
“အားးးး….”
“ဘာလဲ…ဘာလာလုပ်တာလဲ”
မင်းခ လူမိသလိုဖြစ်သွားကာ ရှက်ရှက်ဖြင့် အခန်းထဲမှပြေးထွက်ခဲ့တော့သည်။ မင်းခထွက်သွားမှ ၀သုန် ဒေါသထွက်သွားပြီး ရပ်လိုက်သည့် မိမိအဖြစ်ကိုပြန်တွေးကာ ရှက်နေမိသည်။ အ၀တ်မှမရှိတာကိုး။
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်