စမ်းရေကြည်ပေါက် (အပိုင်း - ၃)
Uni code
အချိန်များက ရာသီစက်ဝန်းကို ေက်ာ္လႊားခဲ့တော့သည်။
လှလှမှာတော့ တူးသားနှစ်ယောက်ကြားဗျာများနေဆဲပါပဲ၊ ခုဆို သားငယ်ဝသုန်လဲ ဆယ်တန်းပြီးလို့ သွားခဲ့ပြီး။
သားကြီးအတွက်ရင်အေးခဲ့သလောက် ရင်မအေးရသေးတဲ့ သားငယ်ကတော့ စာပေးစာယူ အဝေးသင်သာယူပြီး အလုပ်တစ်ဘက်ဖြင့် ကျောင်းတက်ခဲ့သည်။“ကိုကိုအတွက် ကြီးကြီးပဲ ရှာနေရတာမောလှပြီး၊ ဒီကြားထဲကျနော်အတွက်ပါဆိုရင် ကြီးကြီးပိုဆိုးတော့မယ်၊ ကျနော်ကလဲ ဆယ်တန်းကို ရိုးရိုးပဲအောင်တာဆိုတော့ အဝေးသင်လောက်နဲ့ ဖြစ်ပါတယ်ကြီးကြီးရယ်၊
ကျနော်လဲ ကြီးကြီးအတွက် ကိုကို့အတွက် တစ်ဘက်တစ်လမ်းက ရှာမယ်နော်၊ ကျနော်ကိုခွင့်ပြုပါ”ဟုဆိုကာ အလုပ်ကို အတင်းလုပ်ပါတော့သည်။ ခုတော့ ကားဝပ်ရှော့မှာ ၀င်လုပ်နေတာပင် ၂နှစ်ပြည့်တော့မည်။ မနိုင်သည့်အဆုံး ကောင်းရာကောင်းမွန်လုပ်သည့် သားငယ်ကိုလဲ ခွင့်ပြုခဲ့ရသည်။
သားကြီးကလဲ ကျောင်းပြီးရန် နောက်ဆုံးနှစ်စာမေးပွဲပင်ဖြေတော့မည်။ နောက် လပိုင်းဆိုသားကြီး လှလှဆီပြန်လာတော့မည်။ ထိုကြောင့် လှလှပျော်ပါသည်။ သို့ပေမယ့် ကံကြမ္မာသည် လှလှကိုိ ကြည်စယ်နိုင်လွန်းသည်။
သားကြီးမိုးယံထက် အိမ်ပြန်ရန် တစ်လလောက်အလိုမှာ လှလှဆီဖုန်းဆက်ပြီး ရင်ဖွင့်ရှာသည်။“ကြီးမေကိုပြောစရာရှိလို့”
“ပြောလေသား”
“သားမှာချစ်သူရှိနေပြီးကြီးမေ၊ ဒုတိယနှစ်ကတည်းကပါ၊ သူနာမည်က ချိုချိုတဲ့၊ သူမကလဲ သားတို့နေတဲ့ရွှေဘိုကပဲ”
“ဟင်”
သားကြီး၏လေသံသည် လှလှကိုတိုင်ပင်နေခြင်းမဟုတ်၊ အသိပေးနေခြင်းလို့လှလှခံစားရသည်။ လှလှမထင်မှတ်ထားပါ၊ သားကြီး မိုးယံသည် ခပ်အေးအေးနေကာ လူကနွဲ့နွဲ့နှင့်မို့ လှလှလိုဖြစ်မှာကိုပင် စိုးရီမ်ခဲ့ရသူပါ။ ယခုတော့ သားကြီးက ချစ်သူမိန်းခလေးရှိပြီးဟုပြောလိုက်တော့ ရင်ထဲ အလိုလိုဝမ်းနည်းလာသည်။ လှလှရင်ခွင်ထဲက တစ်ချိန်ချိန်ခွဲထွက်သွားမည်ကို ကြိုသိထားသော်လည်း ယခုလိုမြန်မြန်ကြီးတော့ ခွဲထွက်သွားလိမ့်မည်တော့ ကြိုတင်မစဉ်းစားခဲ့မိ။
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်