14

430 27 0
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၁၄)

ညနေဘက်တွင်တော့ အိမ်တွင်လူစုံနေကြသည်။ လှလှတို့အိမ်လေးစိုပြေနေပါတော့သည်။ လှလှနေချင်ခဲ့သော မိသားစုလေးကို ပိုင်ဆိုင်နေရပါတော့သည်။ လှလှလူတစ်ယောက်ကိုတော့ မေ့လျော့နေခဲ့ပါသည်။ ထိုသူကတော့ မင်းခပင်ဖြစ်ပါသည်။
တီတီတီ
ချိုချို၏ဖုန်းမြည်သံကြောင့် ဖုန်းကိုကိုင်လိုက်ပါသည်။

“ဟယ်လို….ရှင်…မေမေရယ်ဟုတ်လို့လား…ဒီကိုလဲမလာဘူး….ဒါဆိုဘယ်လိုလုပ်မှာလဲ…ဒုက္ခပါပဲမေမေ…ဟုတ်ကဲ့မေမေ…သမီးတို့လဲလိုက်ရှာလိုက်အုံးမယ်…ဟုတ်ကဲ့”
ချိုချိုမျက်နာပျက်ယွင်းစွာ ဖြစ်သွားသည်ကို ကြည့်ရင်လှလှစိတ်ပူနေမိသည်။ 
“ကိုမိုး”
“ချိုမေမေကဘာတဲ့လဲ”
“မောင်လေး မင်းခအိမ်ကထွက်သွားတယ်တဲ့ ဘယ်ကိုရောက်နေလဲမသိဘူး”

အားလုံးရဲ့အကြည့်များက ၀သုန်ဆီကိုရောက်သွားတော့သည်။ ၀သုန်လည်းစဉ်းစားရကျပ်သွားသည်။ သူနှင့်မင်းခ လမ်းခွဲခဲ့သည်က  နေ့လည်ကတည်းကပါ၊ လေးခိုင်တို့ဆိုင်ကိုလည်းသူသွားခဲ့သည်။ ဆိုင်မှသူ ပြန်လာတော့ ညနေပင်စောင်းနေပြီး၊ ထိုအချိန်ထိ မင်းခကိုသူမတွေ့ခဲ့ပါ၊ ခုညပင်ရောက်နေပြီး။ 
၀သုန်ဘာမှစဉ်းစားမနေတော့ပဲ ထထွက်ခဲ့တော့သည်။

“ဟေ့ညီလေး ဘယ်သွားမလို့လဲ”
“မင်းခကိုသွားရှားမလို့”

၀သုန်အဖြေစကားကြောင့် သားအမိသုံးယောက် ကြောင်ကာကြည့်နေခဲ့မိတော့သည်။
၀သုန်ပြာယာခတ်ကာ ထထွက်ခဲ့ပြီးဘယ်ကိုစပြီး ရှားရမှန်းမသိတော့၊ နောက်ဆုံးတော့ စိတ်ကစိုးရီမ်းပူပန်ကာ ကန်ကြီးဆီဘက်သို့ပြေးခဲ့ပါတော့သည်။ ကန်ကြီးဆီသို့အမောတကောနှင့်ရောက်လာသော ၀သုန်မည်သူကိုမှမတွေ့ရပါ၊ စိတ်ကစိုးရီမ်းပူပန်ကာသွားတော့သည်။ ထိုကြောင့်လဲ ကန်ကြီးကိုပတ်ကာ မင်းခရေလို့အော်ခေါ်နေမိပါတော့သည်။
“မင်းခရေ…မင်းခ…မင်းဘယ်မှာလဲ…မင်းဘယ်မှာလဲ…….မင်းခ…”

<<<<<<>>>>>>>>>>>>>>>>

“ကိုမိုးဘယ်လိုလုပ်မလဲ၊ ညည့်လည်းတော်တော်နက်နေပြီး မောင်လေးဝသုန်လည်းပြန်မလာသေးဘူး”
“ဟုတ်ပါ့ကွာ ဘယ်တွေသွားနေလဲမသိဘူး မိုးတွေကလည်းရွာနေပြီး”

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Where stories live. Discover now