စမ်းရေကြည်ပေါက် (အပိုင်း - ၁၃)
၀သုန်စိတ်ညစ်စွာ အိမ်အောက်ရှိခြံလေးထဲက ကွပ်ပစ်လေးတွင်ထိုင်နေသည်။ ထိုအချိန် ၀သုန်အနားသို့ မမချိုရောက်လာသည်။ ကိုကိုကတော့ ကြီးမေကို ဆေးစစ်မှု့များပြုလုပ်ပေးနေသည်။ လေးပိုင်နှင့်လေးခိုင်ကတော့ မောပန်းစွာ အိမ်မှပြန်သွားတော့သည်။ ညအချိန်ခါက ၉နာရီကျော်နေပြီးဖြစ်သည်။
“မောင်လေး”
“အော်မမချို လာလေ”
၀သုန်ဘေးတွင် မမချိုဝင်ထိုင်လိုက်သည်။
“ဒီနေ့ မမချိုတို့ဆေးခန်းမထိုင် ဖြစ်ကြဘူးပေါ့”
“အော်ဟုတ်သား မောင်လေးပြောမှသတိရတယ်၊ တစ်ရက်တစ်လေပေါ့လေ၊ မနက်ကျရင်တော့ ဆေးခန်းသွားမယ်လေ၊ ညကျရင်တော့ အိမ်ပြန်လာမယ်”
“ဒီအိမ်ကိုလား”
“ဟုတ်တယ်မောင်လေး”
“အော်”
“ဘာဖြစ်လို့လဲ မမတို့လာတာမကြိုက်လို့လား”
“မဟုတ်ပါဘူး မမချိုရယ် ခုလိုလေ နေကြတော့လေ၊ ကျနော်ရင်ထဲမှာကြည်းနူးနေတာပါ၊ တကယ်ဆို ကျနော်တို့ ကြီးမေကလေ တစ်ယောက်တည်းခြောက်သွေ့စွာနေထိုင်နေရတာပါ၊ သူမှာလဲကျနော်တို့ကြောင့် အပျော်ကမ္ဘာထဲက ပျောက်နေရှားတာ”
“မမလဲ ကြီးမေကိုသနားတယ်၊ မမတို့မိသားစုကြောင့် ကြီးမေကိုအပယ်ခံဘ၀လေးအဖြင့်ကို ပေးထားကြတယ်လို့ မမစိတ်ထဲမှာ တကယ်ဝမ်းနည်းမိတယ်”
“…..”
“မမလေ ကြီးမေကိုအရင်လိုပစ်မထားတော့ဘူး ကြီးမေကိုတသက်လုံးစောင့်ရှောက်သွားမယ်”
“ကျေးဇူးတင်ပါတယ်မမချို”
“မောင်လေး”
“ဗျာ”
“မောင်လေးကိုတစ်ခုမေးလို့ရလား”
“ဟုတ်…မင်းခအကြောင်းလား”
“အင်း…ဆိုပါတော့”
“ကျနော်တို့က သန့်သန့်လေပဲနေခဲ့ကြတာပါ၊ ကျနော်သူ့ကိုငါးစားအဖြင့် အသုံးပြုခဲ့ပေမယ့် သူ့ဘ၀ကိုတော့ ဖျက်စီးလောက်သည့်အထိ မရည်ရွယ်ပါဘူး၊ ဒါကြောင့်လဲ ကျနော်သူ့ကို မဲ့တစ်ပေါက်မစွန်းအထင်မခံပဲ သူနဲ့ပက်သက်ခဲ့တာပါ၊ ကျနော်ဝန်ခံပါတယ် ကျနော်နဲ့ မင်းခကြားမှာ ဘာမှမရှိပါဘူး၊ မင်းခကတော့ ကျနော်ကိုသံယောဇဉ်ပိုတွယ်တာလာခဲ့တာကတော့ ကျနော်လုပ်ယူထားတာပါ၊ တမင် လုပ်ဇာတ်လေးတွေ ပြုလုပ်ထားတာပါ”
“မမ …. မေးမှာက မောင်လေးက မင်းခကိုခုလိုလုပ်လိုက်တာ မမရဲ့မောင်လေး သိလားလို့”
“သူမသိသေးဘူး၊ သူသိအောင်တော့ ကျနော်ကိုယ်တိုင်ပဲပြောမှာပါ၊ တခြားလူကနေတဆင့် သိရရင်တော့ သူလက်ခံမှာ မဟုတ်လောက်ဘူးလေ၊ ဒါကြောင့်ကျနော်ကိုယ်တိုင် သူနဲ့ဖြေးရှင်းမှာပါ”
“နေ့လည်က ကိုမိုး မောင်လေးဆီ ထွက်သွားတော့ မောင်လေးမင်းခလဲဖုန်းဆက်တယ်”
“ဗျာ”
“ဟုတ်တယ် မမကိုအားလုံးရင်ဖွင့်သွားတယ်၊ မေမေကိုလည်းကြည့်ထိန်းပေးပါတဲ့လေ၊ မမမှာတော့ ခေါင်းတွေရှုပ်ကုန်တော့တာပေါ့၊ မမမောင်လေး အကြောင်းမမ သိတာပေါ့ သူကတော့မဟုတ်ပဲ ဘာမှပြောတာမဟုတ်ဘူးလေ၊ သူ့စိတ်ထဲမှာမောင်လေး ၀သုန်ကို တော်တော်စွဲလမ်းနေတယ်”
“ဒါတွေက ကျနော်အမှားတွေပါ၊ တကယ်တော့ ကျနော်က နုနယ်သေးတဲ့ မင်းခရဲ့အသဲ တံခါးကိုမှ သွားစောင့်ပြီးဖွင့်ခဲ့တာကိုး၊ သူအတွက်တော့ ကျနော်စိတ်မကောင်းဘူး၊ မမလဲကျနော်ကို စိတ်ဆိုးသင့်ပါတယ်”
“မမကတော့ လူကြီးတစ်ယောက်အနေနဲ့ပဲပြောချင်တာပေါ့၊ မောင်လေးတို့နှစ်ယောက်လုံးက မမရဲ့မောင်လေးတွေပါပဲ၊ မမ ၀သုန်ကိုတော့ တစ်ခုမှာချင်တယ်၊ မောင်လေးမင်းခကိုလေ တက်နိုင်သလောက် ဖေးမပေးပါကွယ်၊ သူက အချစ်ဆိုတဲ့အကြောင်းကို အရူးမူးဖြစ်နေပြီး”
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်