စမ်းရေကြည်ပေါက် (အပိုင်း - ၅)
သူ့အတွက် မင်းခနိုင်အကြောင်းကို စုံစမ်းရတာလွယ်ကူပါသည်။ မင်းခနိုင် လို လူမျိုးအသိုင်းဝိုင်းက မြို့မျက်နာဖုံးများ ဖြစ်သည့် အတွက် သတင်းအစုံကို သိခဲ့ရသည်။
သူလိုငမွဲလိုလူမျိုးကတော့ တော်ရုံလူမည်သူမှ မသိပါ၊ မင်းခနိုင်တို့လူမျိုးအတွက်တော့ သူစုံစမ်းရတာလွယ်ကူသည်မဟုတ်လား။
ခုတော့ ၀သုန်စိတ်ထဲမှာ အကြံစည်းတစ်ခုကို ဖန်တီးယူရတော့မည် ဖြစ်သည့်အတွက်၊ ရွှေဘိုမြို့မှခွာခဲ့တော့သည်။
ကြီးကြီးကိုတော့ ကြည့်ကောင်းအောင်ပြောဆိုရသည်။“သားဒီအတိုင်းကြီးရပ်နေလို့ မဖြစ်ဘူး၊ တိုးတက်အောင် စီးပွားရှာမယ်၊ သားတို့လုပ်နေတဲ့ ၀ပ်ရှော့က သူဌေးသူငယ်ချင်းလဲ မန္တလေး မှာ ၀ပ်ရှော့ဖွင့်ထားတယ်၊ ဒါကြောင့်သားအတွက် အဆင်ပြေမယ့် မန္တလေး ကိုသွားမယ် ကြီးကြီးနော်”
“အေးပေါ့လေ အတောင်စုံကြတော့ ကြီးမေရင်ခွင်ကို စုံကန်နေကြပြီးပေါ့”
“မဟုတ်ပါဘူးကြီးမေရယ်”
“ကြီးမေလို့ သားငယ်ခေါ်ရင်တော့ ကြီးမေကြောက်လာတယ်”
“အဟား…ကြီးမေကတော့ လုပ်တော့မယ်၊ ကြီးမေရယ်နောက်ဆိုရင် သားက ကြီးမေလို့ပဲခေါ်တော့မယ် ၊ သားကို (၂နှစ်) လောက်ပဲ လုပ်မှာပါ ပြီးရင် သားလေ ကြီးမေဆီပဲ ပြန်လာမယ်”
“အေးပါ အေးပါ…သူလုပ်ချင်ရာလုပ်ပြီးဆိုရင် ကပ်ချွဲနေတော့တာပဲ”ကြီးမေဆီမှ ခွင့်တောင်းကာ ထွက်ခဲ့ပါတော့သည်။ ကြီးမေဆီမှ ထွက်ခဲ့သည့် ၀သုန်အကြံအစည်းများ အကောင်းထည်ဖေါ်ရန် ဒေါ်မိမိနိုင်ပေးခဲ့သည့် ငွေထုတ်များကို ပိုက်ကာ ထွက်ခဲ့လိုက်သည်။ ကြီးမေကတော့ နာကျင်လို့ ထိုငွေထုတ်များကို အမိုက်သဖွယ် င်္ဗီရိုထဲ အလွယ်တကူ ထားသည့် အတွက် ၀သုန်ယူသွားသည်ကိုတော့ လုံးဝမသိခဲ့ပါချေ။
မင်ခနိုင်………..
သူကတော့ မွေးကတည်းက ရွှေဇွန်းကိုက်ကာ ဖွားလာသည့်အတွက် သူ့အတွက်ကတော့ အားလုံးစေလိုရာစေ ဖြစ်စေခဲ့သည့်အတွက် မာနခေါင်ခိုက်ကာ နေသည်။
ပေါင်းသည့်သူငယ်ချင်းများကလဲ သူလိုတန်းတူညီတူ မိသားစုမှပေါက်ဖွားလာသည့် သူများသာပေါင်းသင်းနေထိုင်သည်။ သူ့အပေါင်းသင်းမျာကတော့
သန့်စင်နိုင်၊ နိုင်မင်းကျော်၊ ချစ်သမီး နှင့် နန်းရင်မွှေးတို့ပင်ဖြစ်ပါသည်။ သူတို့ဘ၀ကတော့ သာယာနေသည်။ ကျောင်းကိုသွား ဝေးလာဝါးလာ ဖြင့်ပျော်ပျော်နေကာ လူရှုပ်လေးတစ်ယောက် ဖြစ်လို့နေပါတော့သည်။
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်