စမ်းရေကြည်ပေါက် (အခန်း - ၁)Uni Code
မလှမပ လှလှတစ်ယောက် တူလေးနှစ်ယောက်လက်ကိုဆွဲကာ ရွှေဘိုမြို့သို့ လှမ်းလာခဲ့တော့သည်။
တူလေးနှစ်ယောက်ကို လှလှစိတ်ကြိုက်နာမည်များ မှတ်တွင်စေတော့သည်။
အကြီးကောင်က မိုးယံထက်၊ အငယ်ကောင်ကိုတော့ ၀သုန်ခေါင်။
လှလှ စိတ်ကြိုက် အလှဆုံးသော အလှများကို တူလေးနှစ်ယောက်ကို ပေးတော့သည်။
ထိုအချိန်ကတည်းက တူလေးတွေက လှလှဘ၀၊ လှလှအသက်၊ လှလှအိမ်မက်များပင် ဖြစ်တော့သည်။အပေါင်းဖေါ်များကတော့ လှလှကို ဂရုဏာသက်စွာ ပြောကြသည်။
“ညည်းမလဲအေ ဒူးမနာသားတွေကြောင့် ဖက်သီဖက်သီနဲ့”
“ဘာပြောတယ်”
“အော်မှားသွားလို့ ၀မ်းမနာသား…..၀မ်းမနာသား”
“အဲလိုလုပ်ပါအေ ဂယ်ပဲ မပြောချင်ဘူး ခိုင်ခိုင်နော် စကားပြောဆင်ခြင်”
“ညည်းကလေ ကြက်မကြီးက ဘဲသားလေးတွေကို ကြည့်ထိမ်းနေသလိုပဲ တစ်ကယ့်သားသည်မအေ ကြီးကြနေတာပဲ”
“အို….သူတို့တွေက လှလှသားတွေပါနော်”
လှလှကတော့ တူတွေကို အရမ်းချစ်သည်။ ၀က်ခဲမှ ကျန်ခဲ့သည့် အိမ်ခြံမြေများကို ရောင်းကာ ရရှိသည့် ငွေကြေးနှင့် ရွှေဘိုမြို့စွန်းတွင် အိမ်လေးတစ်လုံးဝယ်လိုက်သည်။
ရွှေဘိုမြို့ပေါ်က ဆရာမ (ဆရာ) ပိုင်ပိုင် ဆီမှာပင် အလှပြင် အလုပ် လုပ်ကာ တူလေးတွေကို ရှာကျွေးနေရပါသည်။လှလှတူလေးတွေက လှလှကို ချစ်ကြပါသည်။ အကြီးကောင် မိုးယံထက် ကတော့ငြိ်မ်သည်။ အေးဆေးသည်။ စာကြိုးစားသည်။
သိတတ်ကာစဖြစ် နေလို့လာတော့မသိ စာကို တကုပ်ကုပ်ကြိုးစားရင်းနှင့် အလုပ်များလုပ်သည်။ လှလှကိုလဲ အိမ်အလုပ်များ ၀ိုင်းကူသည်။ လိမ္မာသည်။ တော်သည်။လှလှစိုးရီမ်တာတစ်ခုပင် မိုးယံထက်ကို ကြည့်ရသည်က မလှုပ်တလှုပ်ဖြင့် သူလို ဖြစ်မှာကိုပင်စိုးရီမ်သည်။ စိုးရီမ်သည်က အခြားမဟုတ် မပွင့်လင်းပဲ မဟုတ်တာတွေကို စိတ်ပါပြီး လုပ်ချသွားရင်တော့ လှလှရင်ကျိုးပြီ။
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်