စမ်းရေကြည်ပေါက် (အပိုင်း - ၁၂)
လှလှမနက်ပိုင်းတွင် ဆိုင်ဖွင့်ကာ အခန်းများပြင်ဆင်နေသည်။ မနက်စောစောတွင် လှလှ၊ မမပိုင်နှင့်ခိုင်ခိုင်တို့သာ ရှိနေသည့်အချိန်တွင် ဧည့်သည်တစ်ယောက် ၀င်လာသဖြင့် အပြုံးဖြင့် ဧည့်သည်ဘက်ကို လှည့်ကာ ဆီကြိုလိုက်မိသည်။
“မင်္ဂလာပါရှင်…..ဟင်…..ရှင်…”
“ဟုတ်တယ် ကျုပ်ပဲ၊ ခု ဆိုင်ဖွင့်မယ့် အချိန်ကို စောင့်နေတာကိုက တစ်ကမ္ဘာလောက် ကြာသွားတယ်၊ တွေ့ချင်လွန်းလို့ ညကတည်းက ထွက်လာ တာပဲ”
“ဒေါ်မိမိနိူင် ရှင်နဲ့ လှလှကြား ဘာမှ ပြောစရာ စကားလည်း မရှိဘူး၊ ဘာကြောင့် လာပက်သက်နေ တာလည်း”
“အမလေး အမလေး အကယ်ဒမီရှော့တွေနဲ့ လာမပြောနေနဲ့၊ ရှင့်ရဲ့ မကောင်းဆိုးဝါး ကြံစည်းမှု့တွေကို အချိန် မလွန်ခင်း လိုက်လာ ရတာပဲ”
“စကားပြောတာ ကြည့်ပြောပါ၊ ရှင်တို့ အသိုက်ဝိုင်းတွေနဲ့ မပက်သက်ချင်လို့ လှလှရဲ့ သားကြီးဆီတောင် မသွားခဲ့ဘူး၊ လှလှတို့က ရှင်းရင် အားလုံးနဲ့ ရှင်းအောင် လုပ်တာ”
“ဟုတ်ပါတယ် အမကြီး၊ လှလှက ကျမတို့နဲ့ အေးအေးလူလူပဲ နေခဲ့တာ၊ ခုလို ဆိုင်ကို လာပြီး အော်ကြီးဟစ်ကျယ် ပြောနေတာတော့ မကောင်းဘူး”မမပိုင်သည်လဲ မနေသာတော့ပဲ ၀င်ပြောလိုက်သည်။ လှလှကို ကြည့်လိုက်တော့ မျက်ရည်များ သီးကာ အားငယ် နေရှာသည်ကို မမပိုင် ကြည့်မနေနိုင်လို့ ၀င်ပြောလိုက်သည် ဖြစ်ပါသည်။ ခိုင်ခိုင်ကတော့ ထိုမိန်းမကြီးကို စားမည်၊ ၀ါးမည် အမုန်းမျက်ဝန်းနှင့် ကြည့်နေပါတော့သည်။
“ဘာမှ … လာပြီး ပြောမနေကြနဲ့ နင်တို့ အားလုံး တကြိတ်တည်း တစ်ဥာဏ်တည်း တွေပဲ၊ အေး ပေါ့လေ ဒါကလဲ ဆန်းတာမှတ်လို့ ဒီလို ပုံစံတွေက ဒီလို အောက်တန်းကျနေကြတာ အဆန်းမှ မဟုတ်တာ”
“တော်တော့….. အမကြီး ပြောချင်တယ်ဆိုရင် လှလှကိုပဲပြော၊ ဘာမှမဆိုင်တဲ့ သူတွေကို ထည့်ပြောနေစရာ မလိုဘူး၊ လှလှလဲ သည်းခံနိုင်တဲ့အားတွေ ကုန်နေပြီး တစ်ခုခု မလုပ်ခင်း၊ ပိုင်နက် ကျူးကျော်မှု့နဲ့ တရားမဆွဲခင် ပြန်တာ ကောင်းတယ်၊ ပြီးမှ လှလှ အဆိုး မဆိုနဲ့”
“အမလေး..ငါကလဲ လာချင်လို့ လာတာမဟုတ်ဘူး၊ ငါ့သားအတွက်ကြောင့် လာရတာ၊ ခုမှ အသံကောင်းဟစ် မနေနဲ့၊ နင့် သားငယ် ဆိုတဲ့ အကောင်ကို နင်သင်ပေးထားလို့ ဒီလို ကြံစည်း နေတာ မဟုတ်လား”
“ဘာ…လှလှရဲ့ သားငယ် ၀သုန်နဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာမှ သိပ်ဆိုင်၊ နင့်သားငယ်က ငါ့သား မင်းခနိုင်ကို ဖြားယောင်ပြီး ဖျက်စီး နေတာ … ဒါ နင့်လက်ချက်ပဲ မဟုတ်လား”
“ရှင်”
“ဟင်…”
“အို..”
“ဘယ်လို…ဘယ်လို မင်းခလေးက အမကြီးသား…ဟုတ်လား”
“ဘာ..မင်းခလေး.လဲ… မင်းခလေး .ဟုတ်လား..ညည်းတို့ ငါ့သားကို သိနေတယ်ပေါ့ ဒါတောင်မှ ညည်းတို့က ဘာခုမှ မုန်လာဥ လုပ်ချင်နေ တာလဲ”
“လှလှ မသိဘူး”
“ဘာမသိရမှာလဲ အေး… နင့်သားကို ငါက ရတဲ့နည်းနဲ့ ဘယ်လို ဖြစ်ဖြစ်ငါ့သားနဲ့ မနီးစပ်အောင် လုပ်ရမှာပဲ၊ ဒါက ညည်းကိုလာပြောတာ၊ အကင်းပဲ ရှိသေးတယ်၊ ညည်းတို့ ဘ၀တွေကို အမှုန့်ဖြစ်သွားအောင် လုပ်ပစ်မယ်၊ ငါ့ ဘာမှတ်နေလဲ၊ ငါ့သားနဲ့ သမီးကိုတော့ လာမထိကြနဲ့ အသက်နဲ့ လဲပြီး ကာကွယ်သွားမယ် ဘာမှတ်လဲ”
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်