10

428 29 0
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၁၀)

အိမ်ပေါ်တက်ရန်ပြင်တုံးရှိသေး မမပိုင်နှင့်ခိုင်ခိုင်ရောက်လာသည်။ မြန်ချက်။
“ဘယ်လိုရောက်လာကြတာလဲ”
“အို..ငါတို့လဲ အမြန်လာရတော့တာပေါ့၊ ဘယ်မှာလဲ သူတို့နှစ်ယောက်”
လှလှဧည့်ခန်းထဲကြည့်လိုက်တော့ မည်သူမှမရှိတော့။
“ဟယ်အစောပိုင်း ဖုန်းသွားမဆက်ခင်းကတော့ ရှိသေးတယ် ခုဘယ်ရောက်သွားပြီးလဲ”
လှလှကိုမမပိုင်မျက်စောင်းခဲလိုက်ပြီး နောက်ဖေးဘက်သို့မေးဆတ်ပြလိုက်သည်။ သားဝသုန်ကရေချိူးနေပါသည်။ လှလှတို့ဆူညံသံတွေကြောင့် အိမ်ထဲမှ မင်းခနိုင်ထွက်လာသည်။ ၀သုန်သည်လဲ ရေချိုးပြီးလို့ အိမ်ပေါ်တက်လာသည်။ 

“ဟော လေးပိုင်တို့ လေးခိုင်တို့ပါရောက်နေကြတာကိုး”
“အေးလေ နင့်ကြီးမေခေါ်လိုက်လို့ လာစမ်းပါအုံး မေးစမ်းပရစေအုံး ဟိုကောင်းလေးလဲလာခဲ့”
“ဖြေးဖြေးပေါ့လေးပိုင်ကြီးကလဲ အကျီင်္ဝတ်လိုက်အုံးမယ်”

၀သုန်အကျီင်္လဲပြီးပြန်ထွက်လာတော့ မင်းခနိုင်ကို ထိုင်ခိုင်းပြီးကြီးမေတို့ သုံးယောက်က ၀ိုင်းပြီးကြည့်နေကြသည်။ မင်းခနိုင်ကတော့ မိမိကိုသေးခြားဝိုင်ကြည့်နေကြသော ကြီးမေတို့ကို ရှက်ရွံနေမိသည်။
၀သုန်မင်းခဘေးတွင် ၀င်ထိုင်လိုက်ပါတော့သည်။

“ကဲမေးစေဗျာ”
“အဟမ်း..”
မမပိုင်ကလည်ချောင်းကို ရှင်းလိုက်သေးသည်။
“ဟိုလေ သားရဲ့ ကြီးမေပြောတာဟုတ်လား”
“ဘာကိုလဲ လေးပိုင်ကလဲ”
“သားငယ်ကြီးမေကပြောတယ် သားငယ်ယောက်ျားခိုးလာတာဆို”
ဖြန်း..
လှလှအလန့်တကြား မမပိုင်ကိုရိုက်လိုက်မိပါတော့သည်။
“စကားအဖြစ်ပြောတာမမပိုင်ရဲ့”
“ဟဲ့သိဘူးလေ ညည်းပဲအဲလိုပြောပြီးတော့ နော်ခိုင်ခိုင်”
“ဟုတ်တယ်လေ လှလှပဲအဲလိုပြောပြီးတော့”
“စကားအဖြစ်ပါလို့ဆိုနေမှပဲ”

သူတို့သုံးယောက်ကိုကြည့်ပြီး မင်းခနှင့်ဝသုန်ကတော့ ရယ်နေမိကြတော့သည်။ မမပိုင်သည် စိုးမြတ်သူဇာလိုမျိုး အိုက်တင်ဖမ်းလိုက်ပြီးမှ..

“သားငယ်ပြောစမ်း သားငယ်တို့ကဘာတွေလဲ”
“ချစ်သူတွေပါ”
၀သုန်ဆီကမဟုတ်ပဲ မင်းခဆီကထွက်လာသည့်အသံဖြစ်နေသည့်အတွက် မမပိုင်လန့်သွားသည်။ ခိုင်ခိုင်ကတော့ အလန့်တကြားမမပိုင်လက်ကို ကိုင်လိုက်သည်။ နူတ်ကလဲ အံ့သြသံထွက်သွားသည်။
“ဟယ်”
“ကျနော်ကိုကြီးကို အရမ်းချစ်တယ်”
“ဟယ်”
“ကိုကြီးနဲ့လဲ မခွဲနိုင်ဘူး”
“ဟယ်”
“ကိုကြီးနဲ့ကျနော်ကို သဘောတူပေးပါနော်”
“ဟယ်”
“ကိုကြီးကိုလဲ မဆူပါနဲ့ ကိုကြီးက ကြီးမေ သဘောကောင်းကြောင်းတွေ အများကြီးပြောထားတယ်”
“ဟယ်”
“ပြီးတော့ ကိုကြီးနဲ့နှစ်ယောက်တစ်ဘ၀ နေချင်တယ်”
“ဟယ်”
“အဲဒါလေ ကြီးမေခွင့်ပြုပေးပါနော်”
“ဟယ်”
“အား…….
အသံနက်ကြီးက မမပိုင်ဆီကထွက်သည့်အသံဖြစ်ပါသည်။
“အား…….”
၀သုန်နှင့်မင်းခနိုင် သည်လဲ လန့်ဖြန့်ကာ အော်လိုက်ကြပြီး ချထားသည့်ခြေထောက်များကို စတီထိုင်ခုံပေါ်သို့တင်လိုက်ကြပြီး ဒူးတုတ်သလိုဖြစ်သွားသည်။
“အောင်မငီး…”
လှလှကတော့ လန့်ဖြတ်ကာ နောက်သို့ယိုင်သွားသည်။ 
“အောင်မလေးတော့…”
အဆိုးဆုံးကတော့ ခိုင်ခိုင်၊ သူသည်လဲ မမပိုင်အနားတွင်ရှိကာ မမပိုင်အသံကြောင့်ကြောက်လန့်ကာ အလှဆုံးနူတ်ခမ်းကိုဖြဲကား မမပိုင်ကိုကြောက်လန့်တကြားကြည့်နေသည်။
မမပိုင်လက်မောင်းကိုကိုင်ထားသည့်လက်ကတော့ မလွှတ်ပါ။
မမပိုင်ခိုင်ခိုင်လက်ကိုရိုက်ချလိုက်သည်။

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Where stories live. Discover now