17 ( Final )

1K 47 1
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၁၇)

Uni

၀သုန် သည် ညက နောက်ကျမှ အိပ်ယာဝင် ခဲ့သဖြင့် နောက်ကျစွာ အိပ်ယာမှ နိူးလာခဲ့သည်။ သူနိူးလာတော့ ကြီးမေတို့က မရှိတော့ စောစောစီးစီး ဘယ်ထွက်သွားသည် မသိလိုက်ပါ။ မမချိုနှင့် ကိုကိုကလဲ ပြာယာခတ်ကာ ပြင်ဆင်နေကြသည်။ ဘယ်ကို သွားကြမည်တော့ မသိပါ။
“ချို..မပြီးသေးဘူး လားကွာ”
“ပြီးတော့မှာပါ ကိုမိုးရယ် နည်းနည်းလေး အလှပြင် နေတာပါ”
“ချိုက လှပြီးသားပါကွာ”
“အို..ဒီလိုရက်မှာ ဒီလောက်တော့ ပြင်သင့်တာပေါ့ ကိုမိုးရယ်”

ဘာတွေ ဒီလောက် လောနေကြသည် မသိသော် ၀သုန်သည်လဲ နားမလည်စွာ ကြည့်နေမိသည်။ နောက်တော့ ကိုယ်လက် သန့်စင်ပြီးတော့ မှ အိမ်ရှေ့ကို ထွက်လာခဲ့သည်။

“ချိုရယ် ကြာလိုက်တာ”
“ကြာပါဘူး ကိုမိုးရယ်၊ ဘာလဲ ဒီလောက်လေး စောင့်ရတာကို ညိုငြင်တယ်ပေါ့လေ၊ ခုတော့ ဒီလို ဖြစ်နေပြီးပေါ့”
“မဟုတ်ပါဘူး ချိုရယ် ဟိုမှာ လူကြီးတွေ စောင့်နေရတာ အားနာစရာ ဖြစ်တော့မယ်လေ”
“ကြီးမေတို့လဲ ခုမှ သွားတာပါနော်၊ ပြီးတော့ မောင်လေး မင်းခက ခုမှ ပြင်ဆင်နေမှာနဲ့ ချိုတို့သွားတာနဲ့ အချိန်ကောင်းပဲ”

မင်းခအသံကြားလိုက်သဖြင့် ၀သုန်ပို၍စိတ်ဝင်စားသွားသည်။
“အင်းပါ…အင်းပါ…”
“အော်…မောင်လေး ၀သုန်ဘာမှ မပြင်ထားဘူးလား”
“ကျနော်က ဘာပြင်ရမှာလဲ၊ မမချိုတို့ကလဲ ဘယ်သွားမှာမို့ ဒီလောက် ပြင်ဆင်နေတာလဲ”
“ဟယ်…ခက်တော့တာပဲ မောင်လေးမင်းခနဲ့ ချစ်သမီးနဲ့ ဒီနေ့ စေ့စပ်တာလေ”
“ဗျာ…”
“ဟုတ်တယ် ခု အိမ်မှာ ကြီးမေ တို့လဲသွားပြီး မမချိုတို့တောင် ခုမှ သွားမှာ”
၀သုန်စိတ်မှာ မွန်းထူးသွားတော့သည်။ ၀သုန် ဘာမှ မစဉ်းစားနိုင်တော့ အိမ်နေရင်းအ၀တ်စားများဖြင့် ပြေးထွက် လာခဲ့မိတော့သည်။ 
ချိုချိုကျေနပ်စွာ ပြုံးလိုက်ပြီး ကိုမိုးနှင့် လက်ဝါးချင်း ရိုက်လိုက်ကြပါတော့သည်။
“လာမြန်မြန်၊ ညီလေးမရောက်ခင် အိမ်ကိုသွားရမယ်”
၀သုန် သုတ်ခြေတင်ကာ အားစိုက် ပြေးနေမိပါတော့သည်။ လမ်းသွား လမ်းလာတွေကလဲ သူ့အား အရူးတစ်ယောက် သဖွယ် ကြည့်နေကြပါသည်။
ဟုတ်ပါသည်။ ခုတော့ ၀သုန် ရူးတော့မည် ဖြစ်သည်။ သူ ချစ်ရသော မင်းခသည် သူမဟုတ်သော အခြားတစ်ယောက်နှင့် စေ့စပ်တော့မည် မဟုတ်လား၊ မာလာတုံး ကတော့ သူဒီလောက်ထိ မခံစားခဲ့ရ၊ မင်းခ ကျတော့ စိတ်က ခေါ်ဆောင်ရာသို့ လိုက်ပါ သွားပါတော့သည်။
၀သုန်…. မင်းခ အိမ်ရောက်တော့ အိမ်၏ ဧည့်ခန်း ရှေ့တွင် လူတွေ စုံနေကြသည်။ လူကြီး လူငယ်များနှင့် ပြည့်စုံနေသည်။ မင်းခ သူငယ်ချင်းတွေ ဖြစ်သော သန့်စင်၊ အနိူင်၊ နန်းရင်မွှေးနှင့် ချစ်သမီးကိုတွေ့ရသည်။ သူ့အားပြုံးပြ နူတ်ဆက်နေကြသည့် သူတို့အားလုံးကို ကျော်တက်ကာ လူကြီးတွေနှင့် ထိုင်ကာစကား ပြောနေသော မင်းခလက်ကို ဆွဲခေါ်လိုက်တော့သည်။

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Where stories live. Discover now