8

697 51 0
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၈)


ပထမဦးဆုံး ချစ်သူများ ဖြစ်ကြသည့် သူတို့နှစ်ယောက်သည် ချစ်သူများ ဖြစ်ခဲ့သည့် အတွက် လျှောက်လည်ရန်လဲ မစဉ်းစားခဲ့ကြ၊ အမှတ်တရ အနမ်းတစ်စုံ လဲမပေးခဲ့ကြပါ၊ ချစ်တယ် ဟူ၍လဲ မဖက်ခဲ့ကြပါ။
အိန္ဒရည် ရှိစွာ ဖြတ်သမ်းခဲ့သည့် ချစ်စရာကောင်းသည့် ညနေအချိန်တွင် ချစ်စရာကောင်းစွာ အသိမှတ်ပြုခဲ့ကြပါသည်။
ရင်ထဲမှာ နှစ်ယောက်သားကတော့ ဘာကိုဘာလိုချင်သည်ဟု မတောင်းဆိုခဲ့ကြသလို၊ ဘာကို ဘယ်လိုနေရမည်ကိုလဲ မတောင်းဆိုခဲ့ကြပါ၊ သူတို့ အချစ်သည် ငြိမ်းချမ်းစွာ ဖြတ်သမ်းခဲ့သည်။
ထိုရက်က မင်းခနိုင် နှင့် ၀သုန် နှစ်နာရီလောက် ထိုင်စကားပြောခဲ့ကြသည်ဟု မင်းခနိုင် သူငယ်ချင်းများသိခဲ့လျှင် အံ့သြကြမည်။ ထိုအတူ ၀သုန်သည် နှစ်နာရီလောက်ထိုင်ကာ တစ်စုံတစ်ရာ နှင့်စကားပြောခဲ့သည်ကို ကြီးမေ သိခဲ့မည်ဆိုရင် မှင်သက်ကာ မေ့လဲသွားလောက်မည်။ 
အမှန်တိုင်းက သူတို့နှစ်ယောက်သည် မည်သူနှင့်မှ နှစ်နာရီမပြောနှင့် တစ်နာရီတောင် ပြည့်အောင် နှစ်ယောက်တည်း ထိုင်ကာ ကောင်းကောင်းပြောခဲ့ဖူကြသည်မဟုတ်သည်ကိုတော့ သူတို့နှစ်ယောက်သာ သိခဲ့ပါသည်။
ချစ်သူများ ဖြစ်ပြီးသည့်နောက်ပိုင်းတွင်တော့ သူတို့နှစ်ယောက်ကို မနက်တိုင်း တွဲလာကာ ကျောင်းသို့လာခဲ့သည်ကို သူငယ်ချင်းများက သဘောရိုးသာ ထင်မှတ်ပြီး နေထိုင်ခဲ့ကြပါသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်နားလည်နိုင် အောင်ကြိုးစားကြသည်။ မင်းခနိုင်ရင်ထဲမှာတော့ ၀သုန်သည်သာ ပထမ၊ ၀သုန်သည်သာ ဒုတိယ၊ ၀သုန်သည်သာ တတိယ ဖြစ်လို့နေပါတော့သည်။ ဒါကလဲ အချစ်က မင်းခနိုင်ကို သယ်ဆောင်သွားသည့် အကြောင်းရာတွေ ပင်ဖြစ်ပါတော့သည်။

ချစ်သူသက်တမ်း ၂ လပြည့်တော့မှ ၀သုန်စတင်လှုပ်ရှားပါတော့သည်။ သူအကြံအစည်းများကို ကောင်းထည်ဖေါ်ရန် ခြေလှမ်းစတင်လိုက်ပါတော့သည်။ 
ကြိုတင်စုံးစမ်းထားသည့် အတိုင်း ဒေါ်မိမိနိူင် တစ်ယောက်တည်း ရှိသည့် အချိန်ကို ရွေးချယ်ကာ ဒေါ်မိမိနိူင် ရွှေဆိုင်ကို လာခဲ့လိုက်သည်။ အချိန်က နေ့လည် ၂ နာရီကျော်၊ ဒေါ်မိမိနိူင် ရွှေဆိုင်တွင် အရောင်းစားရေးမလေးတွေ မရှိသည့် အချိန်၊ ထမင်းစားသည့် အချိန်တွင် ဒေါ်မိမိနိုင် တစ်ယောက်တည်း ဆိုင်ထိုင်တတ်သည်။ ထိုအချိန်တွင်လဲ ဧည့်နည်းသည့် အချိန်များတတ်သဖြင့် ဆိုင်တွင်လဲ လူရှင်းနေသည်။ 
ဒေါ်မိမိနိုင် ဆိုင်ထိုင်နေတုန်းကောင်းလေးတစ်ယောက် ၀င်လာသည်ကို သိလိုက်သည်။ ကောင်းလေးက သားမင်းခနိုင် အရွယ်လောက်ပင် ရှိအုံးမည်။ ကောင်းလေးက စမတ်ကျကျဝတ်စားလာသည့် ပုံက ပိုက်ဆံရှိမည့် ပုံပင်ဖြစ်နေသည်။ နေကာမျက်မှန်ကို ၀တ်လာသည့်က လိုက်ဖက်လှသည်။

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Место, где живут истории. Откройте их для себя