စမ်းရေကြည်ပေါက် (အပိုင်း - ၁၁)
“ဟောမေမေကြီးပြန်လာပြီး ထမင်းပွဲပြင်လိုက်မယ်နော်”
“အေး”
ဒေါ်မိမိနိုင်ကားပေါ်မှဆင်းလိုက်ပြီး မိမှုန်ကို အိတ်များပေးလိုက်သည်။ ဖိနပ်စဉ်တွင်ဖိနပ်ချွတ်လိုိက်တော့ သားငယ်ဖိနပ်ကိုတွေ့လိုက်ရသည်။
“ဟဲ့မိမှုန်”
“ရှင် မေမေကြီး”
“ညည်းကိုလေးပြန်ရောက်နေတာလာ”
“ဟုတ်တယ်မေမေကြီး နေ့လည်ကတည်းက”
“ဒါဆိုညည်းကိုလေးကို ပြောလိုက်တော့ ထမင်းစားဆင်းခဲ့တော့လို့ မေမေကြီးရောက်ပြီးလို့၊ ငါရေချိုးပြီးရင် ထမင်းစားမယ်”
“ဟုတ်ကဲ့ မေမေကြီး”
ဒေါ်မိမိနိုင်သည် ကိုယ်လက်သန့်စင်စွာပြုလုပ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ မင်းခနိုင်လည်းအောက်ထပ်တွင်ရောက်နေပါပြီး။
“လာပါအုံးမေမေသားလေးကို မတွေ့ရတော့လွမ်းနေတာ”
“သားလဲမေမေကိုလွမ်းနေတာပါမေမေရယ်”
မင်းခနိုင်မေမေကိုဖက်ကာ ကပ်ချွဲလိုက်ပါသည်။
“သွားလူဆိုးလေး ပိုပြီး”
“ဒါနဲ့ဖေဖေရောမေမေ”
“သားအမဆီကို သွားတယ်”
“ဟင်ဟုတ်လား၊ ဘယ်တုံးကလဲ”
“ဒီနေ့ပဲလေ၊ သားလေးကချောင်းသာမှာတပတ်နေမယ်ဆိုပြီးဘယ်လိုဖြစ်တာလဲ၊ ကားလဲမတွေ့ပါဘူး”
“ကားကသူငယ်ချင်းတွေဆီမှာ၊ သူတို့ကနေခဲ့တယ်၊ သားကမေမေကိုလွမ်းလို့”
“အေးပါအေးပါ သားငယ်ကပ်ချွဲနေရင်းတော့မေမေတော့လန့်လန့်လာတယ်၊ လာထမင်းစားမယ်”
“ဟုတ်”
သားအမိနှစ်ယောက်ထမင်းစားကြရင် ကြည်းနူးနေပါသည်။ ထိုသို့ပါပဲ မိဘဆိုတာ သားသမီးတွေပျော်ရွှင်နေရင်တော့ ရင်ထဲမှာအေးချမ်းစွာ ရှိနေခဲ့သည်ပဲ၊ ဒါတွေကမိဘမေတ္တာတွေပဲပေါ့။
“ဟင်…”
ဒေါ်မိမိနိူင် မင်းခလက်မှလက်စွပ်ကိုအမှတ်မထင်တွေ့လိုက်သည်။ ဒီလက်စွပ်ကို သူမကောင်းကောင်းသိသည်။ သူမကိုယ်တိုင်ကြိုက်နှစ်သက်သဖြင့် ဒဇိုင်းလုပ်ထားသည့်လက်စွပ်လေး၊ အစကတော့ အမှတ်မထင်ဖြစ်နေခဲ့ပါသည်။
နောက်တော့စိတ်ထဲစနိုစနောက်ဖြစ်လာသည့်အတွက် သေးခြားကြည့်မိလိုက်သည်။ ဟုတ်ပါသည်။ သူမလူငယ်လေးတစ်ယောက်ကို လက်စွပ်ရောင်းလိုက်သည့်လက်စွပ်၊ ထိုလက်စွပ်လေးသည် သူမကိုယ်တိုင်ရောင်းခဲ့သည်။ ဘယ်တော့မှမမေ့နိူင်သည့်အဖြစ်ပျက်ပါ။ ထိုကောင်းလေးသည် သူ့ချစ်သူယောကျာ်းလေးအားပေးမည် ဟုပြောသွားသည့်အတွက် မိန်းမကွင်းလက်စွပ်လေး အဖော်မဲ့စွာကျန်ခဲ့သည့် နှစ်ကွင်းကို သူမကိုယ်တိုင် ပထိန်ဆရာတွင် ယောကျာ်းကွင်းများပြန်အပ်ခဲ့ရသည်။
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်