စမ်းရေကြည်ပေါက် (အပိုင်း - ၁၅)
Uni
ချိုချိုတစ်ယောက် မောင်လေးမင်းခအတွက် စိတ်မကောင်းဖြစ်မိသည်။ မောင်လေးကိုလည်း နေမကောင်းသေးဘူးစသည်ဖြင့်် အကြောင်းမျိုးမျိုးပြကာ ၀သုန်ဆီကိုသွားရန်တားထားသည်။ ဒီလိုတားထားသည့် အခြေအနေသည် ဘယ်လောက်ကြာ ချိန်ခံနိုင်မည်နည်း၊ မောင်လေးသာ ၀သုန်တွင် မောင်လေးမဟုတ်ပဲ တစ်ခြားတစ်ယောက်ဖြစ်သော မာလာဆိုသည့် ချစ်သူရှိတယ်လို့ သိလိုက်လျှင် မောင်လေးအခြေအနေသည် ပိုထိန်းရခက်သွားမည်။ ထိုကြောင့် ချိုချိုမှာဆေးခန်းတွင်ထိုင်နေရသောလဲ စိတ်ကမောင်လေးမင်းခဆီကိုသာ ရောက်နေသည်။
“ဆရာမ..”
“အော်ဒေါ်ကြည်မြိုင် သက်သာသွားပြီးမဟုတ်လား”
“သက်သာတယ်လို့ပြောရမလားပဲ ဆရာမရယ်”
“အော်…ဒီလိုပါပဲဒေါ်ကြည်မြိုင်ရယ်၊ မိန်းမတို့သဘာဝ သွေးဆုံးချိန်ကတော့ ဒီလိုခံစားတတ်ကြတာပါပဲ၊ အော်..သမီးလဲပါလာတာလား၊ ထိုင်လေ..ညီမ”
ကောင်မလေးကပြုံးပြကာ အနားရှိထိုင်ခုန်တွင်ဝင်ထိုင်သည်။
“သားသမီးတွေကို မွေးထားရတာ များသလောက်အားမကိုးရပါဘူး၊ လူလွတ်ဆိုလို့သူပဲရှိတော့တာလေ၊ အိမ်ထောင်သည်တွေကလဲ သူတို့မိသားစုနဲ့သူတို့ဖြစ်နေကြတော့ ကျမကို လိုက်မပို့နိုင်ကြတော့ဘူး”
“အို…မဟုတ်တာဒေါ်ကြည်မြိုင်ကလဲ ဒီသမီးလေးရှိနေတာကလဲ အားကိုးရတာပဲမဟုတ်လား”
“အားကိုးရလဲ တစ်လပါပဲ၊ နောက်တစ်ပါတ်ဆို သူ့ကိုလည်း ယောက်ျားပေးစားတော့မှာလေ”
“အော်…”
“ဆရာမသိမယ်ထင်တယ် စိမ်းလဲ့ဟော်တယ်ပိုင်ရှင်လေး”
“အော်…ကိုခင်မောင်သန်း ကိုပြောတာလား၊ သမီးလေးနဲ့ဆို နည်းနည်းများကွာနေသလားလို့”
“အို..ဒါကအရေးမကြီးပါဘူး၊ ရိုးသားကြိုးစားပြီး နေတဲ့သူပဲ အဓိကမဟုတ်လား၊ သူတစ်ယောက်တည်းနဲ့လည်း ဒုက္ခပဲလေး၊ စိုးရီမ်ရသေးတယ်၊ သားသမီးဆိုတာကလဲ မကြီးခင်တုန်းကတော့ လူဆိုးသူခိုးဖြစ်ရမှာပူရ၊ ကြီးလာတော့လဲ လူတော်လူကောင်းနဲ့မှ အကြောင်းပါရဲ့လား လို့စိုးရီမ်ရတာလဲဒုက္ခပဲမဟုတ်လား”
“ဟုတ်ပါပြီးဒေါ်ကြည်မြိုင်ရယ်၊ ဆေးစစ်ချက်လေးလုပ်ကြရအောင်”
YOU ARE READING
စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်