6

419 38 0
                                    

စမ်းရေကြည်ပေါက် (အပိုင်း - ၆)

မနက်ရောက်တော့ ကျောင်းကို စောစောထွက်ရင်က မေမေကို တစ်ချက်ကြည့်လိုက်သေး သည်။ မေမေက လက်ဘက်ရည်သောက်ကာ အေးအေးဆေးဆေးလုပ်ကာနေသည်။
“မေမေ”
“ပြော မုန့်ဘိုးလိုလို့လာ မနေ့ကပဲ တစ်ပတ်စာ ပေးပြီးသား”
“မဟုတ်ပါဘူး မေမေကလဲ”
“ဒါဆိုဘာတုံး”
“အလုပ်မသွားသေးဘူးလာ”
“အလိုတော် ကျုပ်ဟာကျုပ် ဘယ်ချိန်သွားသွားပေါ့ နေပါအုံး တော်လေးက မမေးစဖူ အထူးတဆန်းလုပ်လို့၊ ဘာတွေဖြစ်နေလို့လဲ”
“ဟိုလေ အလုပ်သွားရင် သားကပို့ပေးရမလာလို့”
“အလိုတော်….ဟဲ့ မိမှုန် မိမှုန်…..”
“ရှင် မေမေကြီး”
“ဒီနေ့ ဘာနေ့တုံး”
“အင်း….ဒီနေ့ကလေ…အင်း ကိုလေး မနေ့ကဘာနေ့တုံး”
“ဒေါက်…….
“အ…”
“နင့်ကိုမေးတာ နင်ကပြန်မေးနေတယ် သွား ပြက္ခဒိန်သွားကြည့် ရက်ရာဇာ လာလို့”
“ဘာလုပ်မလို့လဲ မေမေကြီး၊ ကိုလေးကို မိန်းမပေးစားမလို့လာ”
“တယ် ရှည်ပြန်ပြီး သွားကြည့်ဆိုသွားကြည့်စမ်း”
ဘုဆတ်ဆတ်ဖြင့် မိမှုန်ထွက်သွားတော့သည်။ မိမှုန်သည် အိမ်တွင်ခေါ်ထားသော မေမေဆွေမျိုးမှ အကူကောင်းမလေး ဖြစ်သည်။ 
“မေမေကလဲ လိုက်မလာ မလိုက်ဘူးလာ လို့မေးတာကို ပြက္ခဒိန်တွေကြည့်နေသေးတယ်”
“ထူးဆန်းလို့ဟေ….ထူးဆန်းလို့…အမေလုပ်သူကို ဒီလိုတစ်ခါမှ မမေးဖူးဘူး ပြီးတော့လဲ၊ လိုက်ပို့ခိုင်းရင်လေ ကျားမှီဆွဲရသလို ဘယ်တော့မှ လိုက်ရောပေးတာမဟုတ်ဘူး ဒီနေ့မှ အထူးတဆန်းလုပ်လို့၊ ပြောစမ်း ဘာမကောင်းတာတွေ ကြံစည်းထားလဲ”
“ဟာ မေမေကလဲ ဘာမှဟုတ်တော့ဘူး သွားတော့မယ်၊ သားကလိမ္မာလာတော့လဲ လက်မခံချင်ဘူး”
“အမလေးတော် …သာဓုပါတော် သာဓုပါတော်..နှစ်ခါပဲခေါ်အုံးမယ် မြန်မြန်လဲ ကြွတော်မူပါ၊ ကျနော်မျုိးမကြီး ကိုယ့်ပါသာ ကိုသွားပါမယ်တဲ့”
“ပြီးရော”
“မေမေကြီး…ဒီနေ့ပြသဒါးတော့”
“အေး နင့်ကို လေလံပစ်မလို့ဟေ”
ဘုမသိ ဘမသိ မိမှုန်ကတော့ ခံလိုက်ရပါတော့သည်။ မင်းခနိုင်လည်း မေမေကိုခေါ်သည့်ကိစ္စကလဲ ဘာရယ်မဟုတ်ပါဘူး၊ စိတ်ကခေါ်ချင်စိတ်ဖြစ်ပေါ်လာလို့ပင်။
ကျောင်းကိုမောင်းတာတောင်မှာ တည့်တည့်မသွားသေးပဲ မေမေဖွင့်ထားသည့် ရွှေဆိုင်ပလာဇာ ဘက်ကလာခဲ့ပါသည်။ ကျောင်းရောက်တော့ မင်းခနိုင် အရင်ရောက်လာသည်။ ဆိုင်တွင် ထိုင်နေတုံး သန့်စင်ရောက်လာသည်။ 
“ဟေ့ကောင် စောလှကြီးလာ”
“အေးကွ ငါလဲ ပျင်းတာနဲ့”
“ဒါဆို ဘယ်သွားမလို့ အစီစဉ်ဆွဲနေတာလဲ”
“ဒီနေ့တော့ ဘယ်မှရွေ့မနေတော့နဲ့ ကျောင်းမှာ တစ်ရက်တလေ နေရအောင်ပါကွာ”
“ပြောတာပဲ၊ မင်းကတော့ အထူးဆန်းတွေ ခုရက်ပိုင်တွင်မှာ လုပ်လာတယ်နော်”
မင်းခနိုင် ဘာမှမပြောတော့၊ သန့်စင်ကတော့ ဆိုင်တွင် မှာစရာရှိသည်များကို မှာလိုက်တော့သည်။ သူငယ်ချင်း သန့်စင်သည်လဲ လူချောလူဖြောင့်တစ်ယောက်ဖြစ်သည်။ ညကအိမ်မက် ကခေါင်းထဲဝင်လာသေးသည်။ ထိုကြောင့် မိမိကိုယ်ကို စမ်းစစ်သည့်အနေဖြင့် သန့်စင်ကို မျက်စိတစ်စုံ ဖြင့်အစအဆုံးမျက်တောင်မခတ်ပဲ လိုက်ကြည့်နေမိသည်။ သန့်စင်ကိုကြည့်လိုက် ရင်ဘက်ကိုစမ်းလိုက် လုပ်နေသည်။ ရင်လဲမခုန်ပါ။ ထိုသို့ဆိုခဲ့လျှင် သူဘာမှမဖြစ်ဘူးပေါ့။ 
သူကြည့်တာများသွားသည်ထင်သည်။ သန့်စင်ပင်ရှက်ကိုးရှက်ကန် ဖြစ်လာသည်။
“ဟေ့……..ကောင်…ငခ….”
အပေါင်းသင်များက သူတို့မကျေနပ်သည့်အခါတွင်တော့ သူကို ငခဟု ခပ်ရင့်ရင့်ခေါ်ဆိုကြသည်။
“ဘာဖြစ်လို့ ဒီလောက်ဆိုက်ကြည့်နေတာလဲ ငါမနေတတ်တော့ဘုးကွ”
“အဲ…ဘာရယ်မဟုတ်ပါဘူး မင်းကို တမင်စတာ”
“မင်းနော် မင်း….”
လက်ညိုးတထိုးထိုးဖြင့် လုပ်နေသည့်သန့်စင်ကြောင့် မင်းခနိုင် ဘာရယ်မဟုတ်ပဲ ကောင်တာကို အကြောင်းပြကာ ထသွားလိုက်သည်။ မင်းခနိုင် ဆိုင်ကောင်တာ တွင်ဟိုကြည့်ဒီကြည့် လုပ်နေပြီးမှပြန်လာသည်။ သူပြန်လာတော့ ၀ိုင်းတွင်လူဆုံနေကြပြီးဖြစ်သည်။ သူ့ကိုသူငယ်ချင်းများက အထူးအဆန်းလုပ်ကာ ပြူးကြည့်နေကြသည်။
“ဘာကြည့်နေကြတာလဲ”
“မင်းက ဒီနေ့ထူးဆန်းနေတယ်လို့ သန့်စင်ကပြောလို့ ငါတို့ကြည့်နေတာမင်းကို”
“အေး..ဟုတ်တယ် ဘာမှလဲ မထူးဆန်းပါဘူး”
အနိုင်အပြောကို နန်းခင်မွှေးက ထောက်ခံကာ ပြောသည်။ ချစ်သမီးကတော့ မေ့ဆေ့ကိုလက်ဖြင့် ပွတ်သပ်ရင်က မှတ်ချက်ပေးသည်။
“ရှိတယ်”
“ဟင်….”
မင်းခနိုင် လန့်ဖြတ်သွားတော့သည်။ ချစ်သမီး ဘာကိုရိပ်မိနေပြီးလဲပေါ့။
“ပုံစံက ထောက်မကျိုးတာ ပိုသိသာလာတယ်”
“မသာမလေ”
“ဟား……..ခစ်ခစ်….ဟီးဟီး”
ရယ်သံပေါင်းစုံအောင် သူငယ်ချင်းများက သူ့ကိုရယ်ကာ ၀ိုင်းဟားကြသည်။ သူငယ်ချင်းများကို ဖွင့်ပြောရန်လဲ နူတ်ကမရဲ၊ စိတ်ကမရဲ၊ ပြောင်လှောင်ခံရမည်ကိုကြောက်သည်။ အဘယ်ကြောင့်ဆိုသော် ဟိုယခင်တည်းက သူတို့အဖွဲ့များသည် သာမန်မဟုတ်သော လူတစ်ချို့များကို လှောင်ပြောင်ခဲ့ကြသည်။ ဟာသလုပ်ခဲ့ကြသည်။ ကျောင်းတွင်လဲ လွိ်င်တူစုံမတ်သူတစ်ချို့ (ပွင့်လင်းစွာဝန်ခံထားကြသူများ) ကို သူတို့အဖွဲ့ လှောင်ပြောင်ခဲ့ဖူကြသည်။

စမ်းရေကြည်ပေါက် စမ်းရေကြည်ပေါက်Where stories live. Discover now