Part-4(U)

4.6K 214 67
                                    

ကိုကြီးရင်ခွင် ဆိုးမဝချင်

Part-4

ဆိုင်ကယ်ကို အကိုခိုင်းသည့်အတိုင်း နောက်ပေါက်ကနေ ခိုးထုတ်ပေမယ့် ကိုကိုကြီးက နောက်ဖေးဝရံတာဘက်ကနေ မိန့်မိန့်ကြီး ရပ်ကြည့်နေခဲ့သည်။

ဒါကို သစ်ဆွေး မသိ။ သစ်ဆွေး မရှိ။
အကိုဝေဟင်သည်လည်း မသိမရှိ။
ခိုးထွက်ဖို့သာ ဇောကပ်နေသည်ကြောင့် နှစ်ယောက်လုံး သတိမထားမိ။

ခိုးထွက်လိုက်နိုင်လို့ ပျော်ရွှင်ကာ မြို့တစ်ပတ် ပတ်ရုံမက တောင်ပေါ်လမ်း အကွေ့အကောက်တွေအထိ ခြေဆန့်ခဲ့သည်။

အကိုက တကယ်ကို ရူးလောက်စရာ မိုက်လွန်းသည်။

ဆိုင်ကယ်အရှိန်ကြောင့် လေပြင်းတို့ကြား ခွဲထွက်ရသည့်နှယ် ခံစားချက်က တကယ်ကောင်းသည်။

နှစ်ယောက်လုံး ပျော်ရွှင်ခဲ့သည်မှာ စိတ်လွတ်လက်လွတ်။
ဗိုက်ဆာလာသည်ဆို၍ လမ်းဘေး ကြုံသည့်ဆိုင်တွင် အကိုက ဝင်ထိုင်သည်။

စံအိမ်အတွင်းက ရွှေပေါ်မြတင် သခင်လေးက အပြင်စာတွေလည်း စားတတ်နေသည်ကြောင့် သစ်ဆွေး အံ့ဩမဆုံး။

"ဟေ့ကောင် မအံ့ဩနဲ့ ဒီဆိုင် ငါစားနေကျ အရသာကောင်းတယ်။ "

ဂုဏ်ယူအပြုံးဖြင့် မျက်ခုံးပင် ပင့်ကာ ကြွားလာသူကြောင့် သစ်ဆွေး တံတွေးမျိုချမိသည်။
ဒီလိုပုံစံတွေက အမြဲခိုးထွက်နေကျတော့ မဟုတ်ဘူးမလား။
မဟုတ်ဘူးမလား အကိုဝေဟင်။

စားသောက်ပြီးတော့ စီးကရက်တစ်လိပ် ကောက်ဖွာသည်မို့ သစ်ဆွေး မျက်လုံးပြူးရသည်။

"ဘာလဲ မင်း သောက်ချင်လို့လား"

"ဗျာ ကျနော် မသောက်တတ်ဘူး အကိုဝေဟင်လည်း မသောက်ပါနဲ့လား"

‌"သစ်ဆွေး ငါ့ကို မင်းကပါ နားမပူစမ်းနဲ့ ငါ ကလေး မဟုတ်ဘူးကွ မင်းသာ ကလေး! စီးကရက်တောင် မသောက်တတ်ဘူးတဲ့ ဘယ်လိုကောင်တုန်း"

ပြောရင်း တစ်ချက် ရှိုက်ဖွာကာ အငွေ့တို့ကို မှုတ်ထုတ်ပြန်သည်က သစ်ဆွေး မျက်နှာတည့်တည့်။

"အဟွတ် အဟွတ်!"

သို့သော် ဆိုင်ရှေ့ ထိုးရပ်လာသည့် ကားအနက်ရောင်တွင်တော့ အကိုဝေဟင်သည် ပြူးပြာသွားသည်။

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now