Part-9(U)

1.2K 92 13
                                    

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Part-9

"ကိုကိုငယ် ဝတီ့ကို သတ်တာ!!"

မီးတောက်မီးလျှံများကြား နာကျည်းစိမ်းကားနေသည့် နီရဲရဲမျက်ဝန်းတို့နှင့် စိုက်ကြည့်ကာ ပြောလာသည့် စကားသည် ဝေဟင့်အသည်းစိုင်ကို ကိုင်လှုပ်လိုက်သည့်နှယ်။ ရင်မဆိုင်ရဲဘဲ ကြောက်လန့်ရသည်။

"မဟုတ်ဘူး မဟုတ်ရဘူး!! ဟင့်အင်း ငါ!"

ထွက်ပြေးချင်စိတ်တို့ဖြစ်လာရကာ လှုပ်၍လည်းမရ။ ငယ်ငယ့်၏ နာနာကျည်းကျည်း အကြည့်ဒဏ်က ဝေဟင့်ကို ပျောက်ကွယ်ချင်လုမတတ် ခြောက်လှန့်၍ နေသည်။

"ဟင့်အင်း! ငယ်ငယ်!"

"အကို! အကို! အကို ထဦး! အကိုဝေဟင်!"

တစ်ယောက်ယောက်က လှုပ်ခါလိုက်သည်ကြောင့် ဝေဟင် မျက်လုံးတို့ ပွင့်လာရကာ လှုပ်ရှား၍ ရသွားသည်။

ဝေဝါးနေသည့် မျက်လုံးတွေသည်ဘယ်သူဘယ်ဝါရယ် မကြည့်နိုင်တော့ဘဲ ခပ်တင်းတင်းဖက်တွယ်ထားမိ၏။

"အင့်! ငါ ငါ မဟုတ်ဘူးမလား! "

ရင်ခွင်ထဲ ပျောက်ကွယ်လုမတတ် နစ်ဝင်ကာ ရှိုက်ငိုလာသူကြောင့် သစ်ဆွေး ဘာလုပ်ရမည်မသိ။
တိုက်ပြာလေး၏ ပြတင်းပေါက် ပွင့်နေသည်ကိုတွေ့၍ ပိတ်ပေးရန် လာခဲ့တာဖြစ်သည်။
အပြင်ကနေပင် တံခါးကို အသာစေ့ပိတ်ဖို့လုပ်ခဲ့ပေမယ့် ညည်းသံလိုလို၊ငိုသံလိုလိုကြား၍ ပြတင်းပေါက်ကနေပင် သစ်ဆွေးခုန်‌ကျော် လာခဲ့တာဖြစ်သည်။
အိပ်ခန်းတံခါးက စေ့ရုံစေ့ထားသည်မို့ အသာလှပ်ကြည့်မိတော့ ရုန်းကန်နေသည့် အကို့ကို တွေ့ရတာဖြစ်သည်။ မျက်ရည်တို့ကော ချွေးတို့နှင့်ပါ စိုရွဲနေသည်ကြောင့် လှုပ်နိုးတော့ နိုးနိုးချင်း ရင်ခွင်ထဲ နင့်ခနဲ တိုးဝင်လာသူ။

ကိုယ် သဘောကျနေသူက ရင်ခွင်ထဲရောက်နေသည့် ခံစားချက်သည် သစ်ဆွေးကို ဗလောင်ဆူစေသည်။ ထို့ပြင် ရှိုက်ငိုနေသည်။ နာကျင်နေသည်။ သစ်ဆွေးခံစားချက်တို့ထက် ပူပန်စိတ်တို့က ပို၍ နေရာယူလာလေပြီ။

"အင်း အကို မဟုတ်ပါဘူး "

ကျောပြင်လေးကို မထိရဲထိရဲဖြင့် ခပ်ဖွဖွ သပ်ချပေးရင်း သစ်ဆွေး ပြောနေမိသည်။
ဘာလို့မှန်းမသိဘဲ သစ်ဆွေးပါ ငိုချင်လာရသည်။ ချစ်မိရင် အခုလိုမျိုး ကူးစက်တတ်သလား မချစ်ဖူး၍ မသိခဲ့ပါ။ အကို ဝမ်းနည်းနာကျင်နေလျှင် သစ်ဆွေးပါ အတိုင်းအဆမရှိ နာကျင်လာရသည်။

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now