ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Part-12နောက်တွဲဆံထုံးနှင့် မှန်ပါး ရင်ဖုံးအစိမ်းရောင်။
နှုတ်ခမ်းနီနီက အလှဆုံးပြုံးနေတတ်ပေမယ့် မရိုးစင်းသော အဓိပ္ပာယ်တို့ ပါတတ်သည်။
မာန်ပါသည်။ ထည်ဝါသည်။ ကျက်သရေရှိသည်။ ခက်ထန်သည်။
သူကား ဒေါ်မြဒေဝီ။
ကိုကြီး၏ မေမေ ၊ ကုဋေဝန်းစံအိမ်၏ သခင်မကြီး။ ဝေဟင်ကိုးက မေမေကြီးဟု တလေးတစားခေါ်ခဲ့ရသူ။ထိုအမျိုးသမီးသည် ဝေဟင့်အရှေ့တွင် ရပ်နေသည်။ တုန်ယင်လာသည့် ကိုယ်လုံးသည် ဝေဟင့်၏ ကြောက်စိတ်ကို ပို၍ အားဖြည့်ထားသယောင်။
"မြေ့ဝတီ က မင်းကြောင့် သေတာ ဝေဟင်ကိုး"
အပြုံးဝန်းရံသည့် နှုတ်ခမ်းဖျားတို့ကနေပြတ်သားစွာ ထွက်ကျလာသည့် စကားတွေက ဝေဟင်ကိုးအတွက် ဓားသွားလို စူးရှနာကျင်စေသည်။ ခေါင်းကို သွင်သွင်ယမ်းရင်း ဝေဟင် ဘာစကားမှ ထွက်မလာနိုင်ပါ။
"မင်း သတ်လိုက်တာ"
"ဟင့်အင်း မဟုတ်ဘူး အဲ့လို မဟုတ် ဘူး ဟင့်အင်း
"ငါ့မျက်လုံးတွေကို သေချာ ကြည့်စမ်း!"
ပုခုံးကနေ ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခြင်းခံရကာ စူးရှခက်ထန်သည့် မျက်ဝန်းတို့ကို ဆုံကြည့်စေသည်။
"ကဝိသာ သူ့နှမလေး သေရတာ မင်းကြောင့်ဆိုတာ သိရင် ဘာဖြစ်မယ်ထင်လဲ ကိုးလေး အဟွန်း"
မျက်ရည်တို့စိုရွှဲကာ တုန်ယင်နေသည့် ပုံစံလေးကို သဘောတကျ ရယ်ပြုံးရင်း စကားဆိုနေသူကြောင့် ဝေဟင် ခေါင်းသေးသေးလေးထဲ ကိုကြီးကို တွေးမိလိုက်သည်။ ကိုကြီးက ငယ်ငယ့်ကို သိပ်ချစ်သည်။
"ကဝိက မင်းကို မုန်းသွားမှာ ဝေဟင်ကိုး "
"ဟင်! ဟင့်အင်း!"
မေးဖျားဆီ လက်သည်းချွန်တို့ဖြင့် ယားယံစေကာ နေရခက်စေရင်း ပြောလာပြန်သည့်စကားက ဝေဟင်ကိုးလေးကို အဆုံးစွန် တုန်လှုပ် ခြောက်ခြားစေသည်။ ကြောက်အားပိုစေသည်။
ကိုကြီးက အငယ့်ကို မုန်းသွားမှာတဲ့လား။
ဟင့်အင်း။ အငယ့်မှာ ကိုကြီးပဲ ရှိတော့တာ။

YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Short Storyမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။