Part-5(U)

2.9K 156 15
                                    

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Part-5

စံအိမ်ဝတွင် သစ်ဆွေးတစ်ယောက် တောင်လျှောက်မြောက်လျှောက်လုပ်ကာ အပင်တွေ စစ်နေသလိုလို၊ အမှိုက်တွေပဲ ကောက်နေသယောင်ယောင်နှင့် ရှာကြံအလုပ်များနေသည်။

စံအိမ်ထဲသို့လည်း မသိမသာ လှမ်း၍ ချောင်းရင်း တစ်စုံတစ်ရာကို ရှာဖွေနေသလိုမျိုး အကဲခတ်နေသေးသည်။

တစ်ယောက်ယောက်များ ထွက်လာလျှင် ခေါင်းထောင်ကာကြည့်ပြီး သူ မျှော်နေသူ မဟုတ်လျှင် တံမြက်စည်းကို ပျင်းရွဲရွဲ ပြန်လှည်းရင်း အားလျော့သွားပြန်သည်။

‌မကြာ ခြေသံဖွဖွနှင့်အတူ ကတ္တီပါဖိနပ်ခြံရံသည့် ခြေဖဝါးဖွေးသန့်သန့်တစ်ဖက်က သစ်ဆွေး မြင်ကွင်းထဲ ပေါ်လာတော့သည်။

"ကိုကိုကြီး"

ခြေလှမ်းလျင်လျင်ဖြင့် အနားတိုးသွားလိုက်ကာ ခေါ်လိုက်တော့ သစ်ဆွေးကို ရှုတည်တည် ကြည့်လာသူ။

"ဟို ကိုကိုကြီးနဲ့ ကျနော် ပြောစရာ ရှိနေပြီ"

"ဟေ!"

သစ်ဆွေးစကားကြောင့် ကိုကိုကြီး၏ မျက်ခုံးတန်းတစ်ခုက မသိမသာမြင့်တက်သွား‌လေသည်။
အလုပ်သွားရန် ထွက်လာသည်ကြောင့် ကိုကိုကြီးလက်ထဲ စာရွက်စာတမ်းတချို့ထည့်ထားသည့် အယ်လ်ဖိုင်တစ်ခုသာ ကိုင်ထားသည်။

ကိုကိုကြီးက မျက်ခုံးတန်းအောက်နားလေးကို လက်ညှိုးဖြင့် အသာကုတ်လိုက်ပြီးမှ သစ်ဆွေးဆီ စကားဆိုလာသည်။

"အရေးကြီးသလား ကောင်လေး"

"ဟုတ် အကိုဝေဟင်အကြောင်းပါ"

အရေးကြီးသလားဟု မေးတုန်းက ပေါ့ပါးနေသည့် ဟန်ပန်သည် အကိုဝေဟင်ဟု ကြားသည်‌နှင့် ချက်ချင်း လေးနက်သွားသည်။
ထိုပုံစံကို ကြည့်ရုံဖြင့် ကိုကိုကြီးသည် သူ၏ အငယ်အပေါ် အဘယ်မျှ အလေးထားလိုက်သလဲလေ။ သစ်ဆွေး အနည်းငယ်တောင် အားကျမိတော့မလို့ပဲ။

"ကားပေါ်တက်ခဲ့လိုက် သစ်ဆွေး ကိုကိုကြီး ပြန်ပို့ခိုင်းပေးမယ် ဟုတ်ပြီလား"

"ဗျာ ဟုတ်"

ကိုကိုကြီးက သစ်ဆွေးကို ကားနောက်ခန်းဆီ အရင်ဝင်စေကာ ပြီးမှ သူ ပါ သစ်ဆွေးဘေး ဝင်ထိုင်လာသည်။
အတူယှဉ်ထိုင်ရ၍ သစ်ဆွေး အသက်ပင် ဝဝ မရှူရဲပေ။
ခန္ဓာကိုယ်လေးသည်လည်း တောင့်ခနဲ။ အရှိန်အဝါသည် ထိုမျှထိ ပြင်းလွန်းသည်။

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now