Part-11(U)

1.3K 109 10
                                    

ကိုကြီးရင်ခွင်၊ ‌ဆိုးမဝချင်
Part-11

"အ!"

ဝေဟင်တို့ရှိရာဆီ ဦးတည်လာနေသည့် ကိုကြီးကြောင့် ဝေဟင် အာရုံတစ်ချက်လွတ်သွားခိုက် ဓားကိုင်ထားသည့် လက်သည် ရိုက်ဖယ်ခြင်းခံလိုက်ရသည်။ တစ်ဆက်တည်းမှာပင် နောက်ပြန်ထိန်းထားသည့် လက်ကိုလည်း ဦးမိုးပြည့်လျှံက အားနှင့် ဆောင့်ရုန်းသွား၏။

"အငယ်!!"

"အကိုဝေဟင်!!"

"ဒိုင်း!"

အဖြစ်အပျက်တို့သည် လျှပ်တစ်ပြတ်အတွင်းမှာ ဖြစ်ပျက်သွားပုံမှာ မြန်ဆန်လွန်းလှသည်။

ဝေဟင်သည် အရှိန်ပြင်းပြင်းဆောင့်တွန်းခြင်းကို ခံလိုက်ရတာကြောင့် မထိန်းနိုင်ဘဲ မြေပြင်ပေါ် ယိုင်ကျသွားရသည်။

သေနတ်သံသည် ထွက်ပေါ်လာကာ ဝေဟင့်နံဘေး ပြိုကျလာသည်က သစ်ဆွေး။

နောက်ထပ်သေနတ်သံများသည်လည်း ဆူညံသွားကာ အနားပြေးလာသော ခြေသံများ။

ဝေဟင်သည် ပတ်ဝန်းကျင်ကို အာရုံမရှိတော့ဘဲ ဘယ်ဘက်ရင်အုံတွင် သွေးတို့ စိုရွဲနေကာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသော သစ်ဆွေးကိုသာ ဖက်တွယ်ထားမိတော့သည်။

"သစ်ဆွေး သတိထားစမ်း! သစ်ဆွေး! "

"အငယ်"

ကိုကြီးသည် နံဘေးရောက်လာကာ သိုင်းဖက်ပေး‌ထားလေသည်။
သွေးတို့စွန်းကျံနေသည့် သစ်ဆွေးဆီကနေ ဝေဟင် အကြည့်မလွှဲနိုင်ဘဲ ဖြစ်ပျက်သွားသမျှကိုလည်း မယုံနိုင်သေးပါ။
အစောကထိ ထိုကောင်လေးကို သူ ကာကွယ်ပေးထားနိုင်ခဲ့သည် မဟုတ်လား။
သစ်ဆွေးကို သူ့ကြောင့်ဖြင့် မဆုံးရှုံးချင်ပါ။ သစ်ဆွေး အခုလို ဖြစ်သွား၍ မရပါ။ ဒီကောင်လေးသည် အမြဲ သွက်လက်ဖျက်လတ်သော ပုံစံလေးနှင့်သာ လိုက်ဖက်ညီပါသည်။ ဝေဟင့်ဘယ်လောက် နှင်ထုတ်ပါစေ အချိန်တန်လျှင် ထိုကောင်လေးက နံဘေးနား ရောက်နေစမြဲ။
အခုကော ဝေဟင့်အနား ပြန်ရောက်လာပါဦးမလား။
ဝေဟင် ခေါင်းကို ယမ်းခါပစ်ရင်း သစ်ဆွေးကိုသာ ခေါ်နေမိတော့သည်။

"သစ်ဆွေး! ကယ်ပေးပါ သစ်ဆွေးကို ကယ်ပေးကြပါ!!"

ရင်တစ်ခုလုံးအပြည့် တင်းကြပ်လာသော စို့နင့်မှုတို့ကို ကြာကြာထိန်းမထားနိုင်တော့ဘဲ အသံကုန်အော်ဟစ်တော့ ကိုကြီးသည် ဝေဟင့်ကို သူ့ရင်ခွင်ထဲ ခပ်တင်းတင်း ဆွဲထည့်ထားလိုက်တော့၏။
.
.
.

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now