ကိုကြီးရင်ခွင် ဆိုးမဝချင်
Part-6"အကို.."
ကင်းဘတ်စပေါ် ပြေးလွှားနေသည့် စုပ်ချက်တို့သည် မြန်ဆန်လွန်းသည်။ ကြမ်းတမ်းလွန်းသည်။ အဖြူအမဲကိုသာ အဓိကသုံးထားသည့် ဆွဲလတ်စ ပန်းချီကား။
ထမင်းစားချိန်ကို ကျော်လွန်ပြီး လရောင်ဝင်လာပြီမလို့ သစ်ဆွေး နာမည်ခေါ်၍ သတိပေးရတာဖြစ်သည်။ နေ့လယ်က လာကြည့်သေးသည်။ အကိုက ဆွဲလတ်စပန်းချီတွင် ဈာန်ဝင်စားကာ ပတ်ဝန်းကျင်ကို အာရုံမရှိ၍ သစ်ဆွေး မရှုပ်ချင်။ ထမင်းဗန်းကို အသာ ချထားခဲ့ရသည်။ အခုတွင်လည်း သစ်ဆွေး ခေါ်လိုက်သည်ကို မကြား။
"အကို..အ!"
ထပ်မံခေါ်လိုက်သည်တွင် သစ်ဆွေးဆီ ပျံလာသော ဆေးတို့ ပေကျံနေသည့် စုပ်တံ။
ရုတ်တရက်မို့ မရှောင်လိုက်နိုင်ဘဲ ဘယ်ဘက် ပါးထက် ခပ်ပြင်းပြင်း လာမှန်ပြီးမှ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ အရှိန်ကော၊ အားပါ ပါသည်ကြောင့် သစ်ဆွေး နာသွားသည်ကတော့ အမှန်။နားမလည်နိုင်စွာ အကိုဝေဟင့်ဆီ ကြည့်လိုက်တော့ သစ်ဆွေးလန့်သွားရသည်။
ရဲနေသည့် မျက်ဝန်းတွေနှင့် သစ်ဆွေးကို စိုက်ကြည့်နေသည်မှာ ခါးခါးသီးသီး။
ပါးပြင်ဟာ မနာကျင်တော့ပါ။ အကြည့်တွေကသာ သစ်ဆွေးကို အထပ်ထပ် နာကျင်စေပြီ။
ဘာများ အလိုမကျလေသလဲ။ အကို မကြိုက်တာ ဘာများလုပ်မိလဲ အလုအယက်စဉ်းစားနေရသည်။ ထပ်မံ၍လည်း စကား မဆိုရဲ။ ပို၍ စိတ်ကွက်လာမည်ကို ကြောက်မိသည်။"အ! အကို့! ဘာလုပ်တာလဲ ဘာလို့လဲ ဘာလို့လဲ ကျနော် ဘာလုပ်မိလို့လဲ ဘာမှားသွားလို့လဲ အကို!"
ဖျတ်ခနဲ အနားရောက်လာသူသည် သစ်ဆွေး လက်ကို အကြမ်းအတမ်း ဆွဲကိုင်လာသည်။ ထို့နောက် နားမလည်နိုင်သော အပြုအမူကို လုပ်တော့သည်။ သစ်ဆွေးကို လက်ကဆွဲပြီး တံခါးအပြင်ကို ထုတ်နေခြင်း။
သစ်ဆွေး ဘယ်လောက်မေးနေပါစေ။ အဖြေစကား မရပါ။
အရိုးထဲက ထွက်လာသည့် အားတွေကြား အကြည့်ဒဏ် သင့်၍ နာကျင်နေသည့် သစ်ဆွေး မရုန်းနိုင်ခဲ့ပါ။
YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Short Storyမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။