ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Part-13"သစ်ဆွေး ငါ့ကို မှတ်မိလား"
အခန်းထဲဝင်လာတည်းက သူ့ကို လာဖက်ပြီး လက်တစ်ဖက်ကို ခပ်တင်းတင်းကိုင်ထားကာ အမောတကော မေးနေသူ။
အညိုအမဲရာတချို့ကလွဲ ထိုမျက်နှာပိုင်ရှင်လေး ဘာမှ မထိခိုက်သွား၍ တော်ပါသေးသည်ဟု သစ်ဆွေး တွေးနေမိသည်။
"အကို နေသာရဲ့လား"
ခပ်တွေတွေစိုက်ကြည့်နေပြီးမှ သစ်ဆွေးဆီမှ ပထမဆုံးထွက်လာသည့် စကားသံကလည်း ဝေဟင့်အတွက် စိုးရိမ်သံ။
"အရူးလေး မင်းအခြေအနေက ငါ့ကို စိတ်ပူရမှာလား ဟမ် မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး "
နဖူးထက်ခပ်ဖွဖွ ဖိတွန်းရင်း ဝေဟင် ခပ်ဆတ်ဆတ်လေး မာန်တော့ သစ်ဆွေးက ခပ်ဖျော့ဖျော့လေး ပြုံးပြလာသည်။
သစ်ဆွေးသည်တော့ သူ့ကို လာဆုပ်ကိုင်ထားသည့် ဝေဟင့်လက်ဆီ အာရုံရောက်သွားကာ စိတ်ထဲ တစ်မျိုးလေး နွေးသွားရသည်။ သိပ်မနွေးထွေးတတ်သည့် အကိုဝေဟင်က အခုအဖြစ်အပျက်အပြီး သစ်ဆွေးကို ပို၍ နီးကပ်ခွင့် ဖွင့်ပေးလိုက်သည့်အလားပင်။
တစ်နေကုန် ဆေးရုံခန်းကနေ မပြန်ဘဲ သစ်ဆွေးဘေး အဖော်ပြုပေးနေသည့် အကိုကြောင့် သစ်ဆွေးလည်း ဝေဒနာတွေပင် မေ့ပျောက်လုမတတ်။
"အငယ် သစ်ဆွေး နားပါစေဦး"
သစ်ဆွေးကို ပြုံးပြရင်း အကိုဝေဟင့် ခေါင်းကိုပါ ပုတ်လာသူ၏ မျက်ဝန်းထဲ နှစ်လိုဖွယ်ရာအငွေ့အသက်တို့က ဘယ်အချိန်မဆို ပြည့်နှက်နေမြဲ။
"ကိုကိုကြီး ကျေးဇူးပါ"
ဆေးကုပေးခြင်းတို့နှင့် လိုလေသေးမရှိ ထားပေးခြင်းတို့ကို ရည်ညွှန်းကာ တလေးတစား ပြောလိုက်ပေမယ့် ကိုကိုကြီးက ခေါင်းကို အသာ ယမ်းပြသည်။
"ကိုကိုကြီးတို့ကသာ ကျေးဇူးတင်ရမှာပါ သစ်ဆွေးက အငယ့်အသက်ကို ကယ်ပေးလိုက်တာ ကိုကိုကြီးဖြင့် ပြောမပြတတ်လောက်အောင်ကို သစ်ဆွေးအပေါ် ကျေးဇူးတင်နေခဲ့တာပါ ဒါကြောင့် သစ်ဆွေးက အားတုံ့အားနာတွေ မဖြစ်ဘဲ ကိုကိုကြီးတို့ရဲ့ သိတတ်မှုကို အလိုက်သင့်လေး လက်ခံပေးစေချင်တယ်"

YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Historia Cortaမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။