ကိုကြီးရင်ခွင် ဆိုးမဝချင်
Part-8"အငယ် အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်"
ညက ကိုကြီးအခန်းထဲ အိပ်ဖြစ်သည်ကြောင့် မနက်အတွက် စံအိမ်က အခန်းတွင်သာ ကိုယ်လက်သန့်စင်တာလုပ်ဖြစ်သွားသည်။
သင့်တင့်သည့် ရှပ်အင်္ကျီတစ်ထည်ကို ပုဆိုးတစ်ထည်ဖြင့် တွဲဝတ်လိုက်ပြီး မနက်ငါးနာရီ ရာသီဥတုအနေအထားကြောင့် အနွေးဂျာကင်တစ်ထည် ထပ်ဝတ်အပြီးတွင် ဝေဟင့်ပြင်ဆင်မှုက ပြီးစီးပြီ။
ကိုကြီး လာခေါ်သည်ကြောင့် ခေါင်းကို လက်နှင့်ပင် နှစ်ချက်လောက် သပ်ရင်း ထွက်လာလိုက်သည်။ကိုကြီးသည် တံခါးရှေ့တွင် သူ့ကို စောင့်နေလေသည်။ သျှားညိုရောင် ရှပ်အင်္ကျီကို ကိုကြီးက ပုဆိုးကွက်စိတ်အညိုနှင့် တွဲဝတ်ထားပုံက ရိုးရှင်းသည်။ သို့သော် ကိုကြီးတွင် အရှိန်အဝါတစ်ခုက ထင်ဟပ်နေဆဲ။ ခပ်ပြုံးပြုံးကြည့်တတ်သည့် မျက်ဝန်းညိုတွေက ဝေဟင့်အတွက် အနှစ်သက်ဆုံး သတ်ကွင်းတွေလည်း ဖြစ်သည်။ ကိုကြီး၏ အငွေ့အသက်သည် လုံခြုံစေသည်။
"ဟေ့! အငယ်! "
မျက်လုံးရှေ့ ဝေ့ယမ်းလာသည့် လက်ဖဝါးကို မြင်မှ ဝေဟင် အတွေးစကို ရပ်မိတော့သည်။
ကိုကြီးက ဝေဟင့်၏ ကြောင်တွေတွေ ပုံစံကို ပြုံးရိပ်သန်းစွာ ကြည့်ရင်း ဘယ်ဘက် လက်ဖဝါးကို အသာဆုပ်ကိုင်လာသည်။
ဝေဟင် မငြင်းမိဘဲ ကိုကြီး ဆွဲခေါ်ရာနောက် အလိုက်သင့်ပါလာသည်။အောက်ထပ်အရောက် ဦးမောင်က အသင့်စောင့်နေသည်။
"အကုန်အဆင်သင့်ဖြစ်ပါပြီ သခင်ကြီး"
ကိုကြီးက ခေါင်းကို ဆတ်ပြရင်း ဦးမောင်နံဘေးနားကို ဝေ့ဝဲကြည့်သည်။
"သစ်ဆွေးကော ဦးမောင်"
ကိုကြီးနှုတ်က ဖွင့်ဟမေးလာသည်အထိ သစ်ဆွေးသည် အရေးပါခဲ့ပြီလား ဝေဟင် မသိ။ ကြည်လင်နေသည့် စိတ်သည် အနည်းငယ်တော့ မှုန်မှိုင်းစ ပြုလာပေပြီ။
"သယ်ရမှာတွေ ထုပ်ပိုးပေးပြီး အဝတ်အစားသွားလဲ.."
"ပြီးပါပြီဗျ ဟီး!"
YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Short Storyမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။