*ကိုကြီးရင်ခွင်၊ ဆိုးမဝချင်*
Part-3"မစားချင်ဘူး!ပြန်ယူသွား"
"သခင်လေး "
"ဦးရီးမောင်! ကျွန်တော့်စကားကို အလေးမထားတာလား။ မစားချင်ဘူး ပြန်ယူသွားလို့ ပြောနေတယ်လေ"
ခပ်တင်းတင်းအကြည့်တစ်ချက်ဖြင့် ခပ်ပြတ်ပြတ်ပြောလာသူကြောင့် ဦးမောင်သည် အတိုက်အခံထပ်မပြောဖြစ်တော့ပေ။
ဒီသခင်လေး စိတ်မကြည်မှာကို တစ်အိမ်လုံး ပူပန်ကြသည်။ သခင်လေး မလုပ်ချင်သည့်အရာကို ဇွတ်အတင်း မတိုက်တွန်းရက်ကြ။"ကောင်းပါပြီ သခင်လေး ဦးရီး ပြန်သယ်သွားလိုက်ပါမယ်။ ညစာတော့ အသာတကြည် ဆင်းစားလိုက်နော်"
စားပွဲပေါ် ဝုန်းခနဲ ဆောင့်ချလိုက်သည့် စာအုပ်ကြောင့် ဦးရီးမောင်သည် အလျင်အမြန်ပဲ ထွက်သွားတော့သည်။
ခဏအကြာ ထပ်မံခေါက်လာသည့် တံခါးခေါက်သံကြောင့် ဝေဟင်သည် ဖတ်လတ်စ စာအုပ်ကို ထပ်မံဆောင့်ချလိုက်တော့သည်။
"ထပ်လာပြန်ပြီလား! မစား.."
"အငယ်"
ဆူအောင့်လတ်စ စကားသံသည် ခပ်သာသာခေါ်လိုက်သည့် အသံတွင်ရပ်တန့်သွားရသည်။
နှုတ်ခမ်းစတွေကိုပါ သွားဖြင့်အသာ သိမ်းကိုက်မိသည်အထိ တိတ်ဆိတ်ပစ်လိုက်တော့သည်။
"တစ်နေကုန် ဘာမှ မစားထားဘူးဆို"
ဝေဟင်ထိုင်နေသည့် စာကြည့်စားပွဲနံဘေး လာရပ်သည်နှင့် တစ်ဆက်တည်း မျက်လွှာကို အသာချရင်း အကြည့်လွှဲပစ်သည်။
"အငယ်"
ထပ်မံခေါ်လိုက်သည့် ခပ်လေးလေးခေါ်သံသည် သတိပေးသံမှန်း ဝေဟင်သိသည်။ ပြန်မဖြေချင်ပေမယ့် မဖြေလို့ မရတော့ပေ။
"မဆာလို့"
"မ ဆာ လို့ ?"
သံယောင်လိုက်ကာ ရေရွတ်လာသည့် အသံက အေးစက်လာသည်။
"အငယ်။ မင်း ကိုယ့်ကို စိတ်ကောက်တာကို လက်ခံတယ်။ ကိုယ့်အလုပ်တွေ မအားလို့ ဒီတစ်ခေါက် ထင်ထားတာထက် ကြာသွားတယ်။ ဒါပေမယ့် ကိုယ့်စကားနားမထောင်ဘဲ အရွဲ့တိုက်နေဖို့တော့ မင်းမှာ အခွင့်မရှိဘူးကွ!"
YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Krótkie Opowiadaniaမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။