Part-7(U)

2.1K 107 22
                                    

ကိုကြီးရင်ခွင် ဆိုးမဝချင်
Part-7

"အကို..."

ဖျော့တော့သော ပုံစံဖြင့် ဝေဟင့်ရှေ့ ရောက်လာသည့် သစ်ဆွေးသည် အပြုံးတစ်ခုကတော့ တောက်ပနေသေးသည်။
နားရွက်ကားလေးတွေက နေရောင်အောက် ရဲနေသည်။ အသားအရေက ညစ်ထေးပြီး မွဲစုတ်နေတာမျိုး မဟုတ်ဘဲ ညိုသည်ဟုလည်း ပြောမရ၊ ဖြူသည်ဟုလည်း ပြောမရ။
အသား လတ်သည့် ကောင်လေးက မျက်နှာထက်လည်း ဘာအဖုအပိန့်မှ မရှိဘဲ ဘဝဒဏ်ကြောင့် နေလောင်ရာတွေသာ ခပ်ပါးပါးတွေ့ရသည်။ အရပ်အမောင်းအားဖြင့်လည်း ဝေဟင်နှင့်ပင် မတိမ်းမယိမ်း။ နောက်များဆို ဝေဟင့်ထက်ပင် အရပ်က ကျော်သွားလိမ့်မည် ထင်၏။ ခန္ဓာကိုယ် ဖွံ့ထွားမှုက ဝေဟင့်လို ပိန်ပိန်ပါးပါးသွယ်လျလျမဟုတ်။ ကိုကြီး၏ ဖွဲ့စည်းပုံအငယ်စားလေးနှင့်ပင် တူနေသည်။
ချောသည် မဟုတ်ပေမယ့် သူ့ပုံစံ၊ သူ့အချိုးအစားနှင့်သူ ကြည့်ကောင်းသည်ပင်။ အမြဲ ပြုံးနေတတ်သည့် မျက်နှာလေးက ချစ်မွှေးပါလွန်းသည်။ ဝေဟင်သည်ပင် ဒီကောင်လေးကို အနားထားချင်ခဲ့သည် မဟုတ်လား။
လိမ္မာပါးနပ်လွန်းသည်။ အဖြူထည်ဆန်လွန်းသည်။ ထိုကောင်လေး၏ အရောင်သည် အဖြူရောင်စင်စစ်။

လူတစ်ယောက်က အရမ်း ဖြူလွန်းရင် ညစ်ထေးရမှာ သဘာဝပဲ။

ကိုကြီးလို အလုပ်မအားသည့် သူတောင် ဒီကောင်လေးကို ဂရုတစိုက် ရှိတာက ဝေဟင့်မျက်လုံးထဲ ကန့်လန့်။
ဘာမို့လို့လဲ။

"နေကောင်းပြီလား"

"ဟုတ် ကောင်းပြီ အကို အခုကျနော့်အခြေအနေက တောင်ပေါ် ပြေးတက်လို့တောင် ရပြီ"

ဟီးခနဲ သဘောတကျ ရယ်လာသည့် ကောင်လေးက တကယ် ချစ်မွှေး။
နှစ်လိုဖွယ်ရာကောင်းသည့် ငယ်ရွယ်ဖျတ်လတ်မှုလေးသည် သွက်သွက်လက်လက်ကလေး။
ဘယ်လိုလုပ်မလဲ ကောင်လေး။ ငါက မင်းထင်ထားသလို ကောင်းတဲ့ဘက်ခြမ်းတွေပဲ ရှိတဲ့ကောင် မဟုတ်ဘူး။

"အကိုက သိပ်လှတာပဲ"

မရည်ရွယ်ဘဲ ပြုံးလိုက်မိသည့် မဲ့ပြုံးသည် ထိုကောင်လေးစကားကြောင့် ပျက်ရသည်။

"ရူးနေလား! ချောတာကွ!"

"ဟီး ချောတာထက်ကို လှတဲ့ အလှမျိုးဗျာ အကိုဝေဟင်က တကယ်ဆုတောင်းကောင်းခဲ့ပုံပဲ"

ကိုကြီးရင်ခွင်၊ ဆိုးမဝချင်Where stories live. Discover now