Part - 1 [Unicode]

3.9K 248 13
                                    

"ကောင်းခြင်းရာရာ ဒီတပတ်ထဲပြန်လာမယ်တဲ့"

တိတ်ဆိတ်သွားတဲ့မနက်စာဝိုင်းထဲ နုငယ်တယောက်သာစိတ်လှုပ်ရှားလွန်းလို့ လက်ဖျားများပင်တုန်သွားသည်မို့ လက်ထဲမှ ကော်ဖီခွက်လေးကိုအမြန်ချလိုက်ရသည် .. ပုံမှန်မဟုတ်တဲ့ မေမေ့ရဲ့အမူယာကြောင့် နုငယ်ဖေဖေ့ကိုအဖြေတောင်းသလိုကြည့်လိုက်တော့ ဖေဖေသည်လဲနုငယ်လို အဖြေကိုသိပုံမပေါ် .. မေမေသည် ဖေဖေ့လိုမဟုတ် စိတ်ဆတ်သလို ဒေါသထွက်ရင်လဲဘယ်သူမှတားလို့မရတာမို့ နုငယ်သည် ဖေဖေ့ထက်မေမေ့ကိုပိုကြောက်ရပါသည် ..

နုငယ်၏မေမေ ဒေါ်သိမ့်ထက်မြတ်ရီသည် အမည်နှင့်လိုက်အောင် ထက်မြတ်ပီး အိမ်ရှင်မကောင်းတယောက်ပီသစွာ အိမ်ရှိလူများအားလုံးအပေါ် ဩဇာလွှမ်းမိုးနိုင်သည် .. အနေအေးသူဖေဖေကြောင့် အိမ်ရဲ့ကိစ္စတော်တော်များများကို မေမေကသာဦးဆောင်သည်က များသည် .. ဖိုးဖိုးနှင့်မတွေ့ခင် မေမေ့ရဲ့ငယ်ဘဝကအတော်ကြမ်းတမ်းခဲ့ရပီး ဘဝကို အများကြီးရုန်းကန်ခဲ့ရသည့် ကလေးတယောက်ဖြစ်ခဲ့တာမို့ မေမေဟာအောက်သက်ကြေပီး စည်းကမ်းလဲကြီးလှသည် .. တက္ကသိုလ်ရဲ့ကတိကတယောက်လဲဖြစ်သလို စီးပွားရေးလောကတွင် ဒေါ်သိမ့်ထက်မြတ်ရီဆိုတာ နံမည်တခုနှင့်ရပ်တည်နေတာမို့ မေမေဟာ နုငယ်ရဲ့ စံပြအမျိုးသမီးတယောက်ဖြစ်ပါသည် ..

ဘဝအနေထားအမျိုးမျိုးဖြတ်ကျော်ခဲ့ရသူမို့ မေမေဟာလူတွေနှင့်‌ ပြောဆိုဆက်‌ဆံသည့်နေရာမှာသိပ်ကိုတော်သည် .. အမူအရာနဲ့စိတ်ခံစားမှုကို ထိန်းသိမ်းတာကျွမ်းကျင်သည့်မေမေက ကောင်းခြင်းရာရာဆိုသည့်အမျိုးသမီးနှင့်ပတ်သက်ရင် ဘာကြောင့်အခုလိုအကဲဆတ်ရသည်ကို နုငယ်နားမလည်နိုင် .. မေမေနှင့်ကောင်းခြင်းရာရာဆိုသည့်အမျိုးသမီးဟာ လူအများအသိတွင် ညီအမတော်စပ်သလို ရာရာသည်နုငယ်၏အဒေါ်နေရာမှာရှိနေတာမို့ နုငယ်မသိသည့်မေမေ့ရဲ့ရာရာ့အပေါ် မနှစ်မြို့ရခြင်းအကြောင်းရင်းကို နုငယ်သိပ်သိချင်သည် .. အမှန်ဆို ဖိုးဖိုးကောင်းခြင်းအောင်၏ကျေးဇူးသည် နုငယ်တို့အပေါ်ဆပ်လို့ပင်မကုန်နိုင်.. ဖိုးဖိုးသည် မေမေ့အတွတ် မွေးစားအဖေဆိုသော်ငြား သမီးရင်းသဖွယ် ချစ်ခင်ကြင်နာပေးသလို မြေးဖြစ်သည့် နုငယ်အပေါ်လဲလိုလေသေးမရှိစေရ .. ကောင်းခြင်းရာရာဆိုသည့် နုငယ်၏ရာရာသည် နုငယ်အရွယ်မရောက်ခင်ထဲက မိခင်နိုင်ငံဖြစ်သည့် ပိုလန်သို့ပြောင်းရွှေ့နေထိုင်ခဲ့တာမို့ နုငယ်သည် ရာရာနှင့်ပတ်သက်ပီး ဖိုးဖိုးနဲ့ဖေဖေ့ဆီက ကြားသိရသည့် အကြောင်းရာတချို့လောက်သာရင်းနှီးခဲ့ရသည် .. သို့သော် ဘာကြောင့်မှန်းမသိ နုငယ်အတွတ်ရာရာသည် မစိမ်းသက်သည့်လူသားဖြစ်နေခဲ့သည် .. လူကိုယ်တိုင်ကိုရှေ့ထားပီးမခေါ်ခဲ့သည့် ရာရာ ဆိုသည့်အခေါ်ဝေါ်သည် နုငယ်စကားစပြောတတ်ခဲ့သည့်အချိန်မှစ၍ ဘယ်သူမှမသင်ပဲခေါ်ခဲ့ခြင်းပေ .. အဲ့တုန်းကဆို နုငယ်မှတ်မိသေးသည် .. နုငယ်အသက် 6နှစ်တုန်းက ရာရာ့ရဲ့ဓာတ်ပုံကို ပထမဆုံးတွေ့ခဲ့ရသည် .. အသိဉာဏ်မဖွံ့ဖြိုးသေးသည့် ကလေးတယောက်ရဲ့မျက်လုံးထဲမှာတောင် ရာရာကသိပ်ကိုကြည့်ကောင်းနေတာမို့ ထိုဓာတ်ပုံအား အချိန်တော်တော်ကြာလက်ကမချခဲ့ပေ .. အရွယ်ရောက်လာတာနှင့်မမျှ ဖိုးဖိုးနှင့် ဖေဖေ့ဆီက ရာရာ့အကြောင်းများကိုမေးမြန်းခဲ့သည် .. ထိုသို့နုငယ်မေးမြန်းသည့်အခါတိုင်း မေမေကသိသည်နှင့်ဆူသည် ရာရာနှင့်မပတ်သက်ဖို့လဲခါးခါးသီးသီးတားဆီးခဲ့သည် .. ပုံမှန်ထက်ပိုတဲ့ မေမေ့ရဲ့ဒေါသမျက်နှာအားမြင်တိုင်း နုငယ်ပို၍သိချင်လာသလို ဖိုးဖိုးနှင့်ရာရာကိုလဲ မျက်နှာပူအားနာမိသည် .. သို့သော်လဲ ဘယ်လိုပင်မေမေတားဆီးပါစေ ရာရာသည်နုငယ်အတွတ် စောင့်မျှော်နေခဲ့ရသည့် စိတ်ကူးယဉ်လူသားဖြစ်နေခဲ့ပီ .. ညစဉ်မက်ခဲ့သည့် အိမ်မက်တိုင်းမှာ ရာရာဟာနုငယ်အားလာတွေ့နေခဲ့သည် .. ကောင်းခြင်းရာရာဆိုသည့် နံမည်ကြားတိုင်း စိတ်လှုပ်ရှားနေခဲ့ခြင်းက နုငယ်အရွယ်ရောက်စဉ်ထဲက နိုးကြားခဲ့သော စိတ်အစဉ်ပင်ဖြစ်သည် ..

My precious Where stories live. Discover now