Part - 12 [Unicode]

951 138 8
                                    

သူ့အဖွဲ့နဲ့သူ ပြုံးရယ် စကားတွေများရင်းထွက်လာကြသည့် ကျောင်းသူ ကျောင်းသားများအား ခပ်လှမ်းလှမ်းမှကားရပ်ကာကြည့်နေမိသည် .. မကြာပေ သီရိနှင့်မေမြတ်အားလက်တဖက်စီတွဲကာ ရယ်ရယ်မောမောစကားတွေပြောကာ ထွက်လာသည့် သူ့ရဲ့နုငယ် .. ဆယ်ကျော်သက်ကောင်မလေးရဲ့အပူပင်ကင်းသည့် ထို့အပြုံးများက သူ့ကြောင့်ပျောက်ကွယ်သွားမှာစိုးပါသည် .. ဒီတပတ်လုံးဖုန်းဖြင့်သာအဆက်သွယ်လုပ်ခဲ့ပီး မတွေ့ဖြစ်ကြ .. သို့သော် သူ့ဘက်ကတော့ အခုလို နုငယ်မသိအောင်နောက်ကွယ်မှလာကြည့်ခဲ့တာကတော့ ဟိုအရင်နှစ်အချို့ကလိုပင် ..

ပျိုမြစ်သည် .. သစ်လွင်သည် .. လန်းဆန်းသည် .. ထိုမိန်းမငယ်လေးက သိပ်ကိုနှစ်လိုဖွယ်ကောင်းလှသည် .. သို့သော်ပိုင်ဆိုင်ဖို့တော့မကြိုးစားရဲ .. သူအဖြစ်က အဝေးကလမင်းကို ငေးကြည့်ယုံ ..

အချစ်ဆိုတာသူ့အတွတ်တော့ ပျိုးထောင်ခြင်းပေ .. အလှပဆုံးသောပွင့်လန်းစေဖို့ သူပျိုးထောင်ပေးချင်သည် .. ပီးရင်ငေးမောရယုံကျေနပ်ပါသည် .. မဖြစ်သင့်ဘူးဆိုသည့်ပြစ်ချက်သည် သူ့အတွတ်ဆိုရဲရဲကြီးကျော်ဖြတ်လိုက်မှာဆိုပေမယ့် ထိုကလေးအတွတ်တော့မဖြစ် .. ထိုကလေးကိုသူ့ကြောင့် ညှိုးနွမ်းစေလို့မဖြစ် ..

မျက်လုံးရှေ့မှမြင်နေရသည့် မိန်းကလေးနှစ်ယောက်ဟာ သူ့အတွတ်တော့ အရောင်မတူသည့် တန်ဖိုးထားရာနှစ်ရပ် .. အမေဖြစ်သူအားလက်ချိတ်ထားပီး နှုတ်ခမ်းတွေဆူထော်သည်အထိစကားတွေပြောနေသည့် ပုံကတကယ့်ကလေးအတိုင်းပင် .. သားအမိနှစ်ယောက်သား ကားပေါ်တက်သွားပီး မြင်ကွင်းကပျောက်ကွယ်သွားကာမှ သူလဲကားကိုအသာမောင်းထွက်လာခဲ့သည် ..

.
.

"တီ!! တီ!!"

ဘေးနားမှဖုန်းကထမြည်လာတာကြောင့် ကြည့်လိုက်စဉ်နံပါတ်စိမ်းဖြစ်နေတာမို့ အစကမကိုင်ဖို့ဆုံးဖြတ်လိုက်သော်လဲ တဖက်ကအရေးကြီးကိစ္စလဲဖြစ်နေတတ်တာမို့ကိုင်လိုက်သည် ..

"ကောင်းခြင်း"

ဖုန်းရဲ့တဖက်မှကြားလိုက်ရသည့်အသံကြောင့် ကောင်းခြင်းမျက်မှောင်ကြုံ့သွားရသည် .. နဒီထွန်းရှိန်ကသူ့ဖုန်းနံပါတ်ကိုဘယ်လိုရတယ်မသိပေ ..

My precious Donde viven las historias. Descúbrelo ahora