Part - 9 [Unicode]

1K 146 8
                                    

"မတွေ့တာကြာပီ‌နော်အရီ"

မျက်နှာထားတည်တည်ဖြင့်ရှိနေသူအား ကောင်းခြင်းပြောလိုက်ခြင်း .. ကောင်းခြင်း၏အသံကြားသည်နှင့် မှန်‌တွေဘက်ငေးနေသူက ကိုယ်အနေထားကိုပြောင်း၍ထိုင်လိုက်ပီး မျက်နှာကိုပို၍တင်းပစ်လိုက်သည် ..

"နင်နဲ့ငါ့မှာတွေ့စရာအကြောင်းမှမရှိပဲ"

အရီ့ရဲ့စကားကြောင့် ကောင်းခြင်းသဘောကျစွာပြုံးလိုက်သည် .. သူ့ရဲ့အရီဟာ အရင်လို နည်းနည်းလေးတောင်မပြောင်းလဲ‌သေးပေ .. အရင်လိုစိတ်ထဲရှိတဲ့အတိုင်းပြောတတ်တာ .. သဘောမကျတဲ့အခါ မျက်မှောက်ကြုတ်နေတတ်တာ .. ပီးတော့ အရင်လိုလှနေဆဲရောပေါ့ ..

"ဒါဆို အခုကဘာလို့လဲအရီ .. မနေ့က ဖုန်းထဲစာဝင်လာတော့ ငါအရမ်းအံ့ဩသွားခဲ့တာ အရီ့ဘက်ကငါ့ကိုတွေ့ဖို့စပြောလိမ့်မယ်လို့မထင်ခဲ့ဘူးလေ"

"ဒါပေါ့ ပုံမှန်အတိုင်းဆို ငါ့ဘက်ကနင့်ကိုဘယ်တော့မှတွေ့ဖို့ပြောမှာမဟုတ်သလို နင်နဲ့တွေ့မယ့်ကိစ္စလဲရှိလာမှာမဟုတ်ဘူး .. အခုက ငါ့သမီးလေးကြောင့်"

"နုငယ်ကြောင့် .. နုငယ်ဘာဖြစ်လို့လဲအရီ"

တကယ်ကိုဘာမှမသိတဲ့ပုံနဲ့ပြောလာသူကြောင့် သိမ့် နှုတ်ခမ်းတွေကိုမဲ့ချပစ်လိုက်သည် .. လွန်ခဲ့သည့်နှစ်20 ကလိုပဲ အပြစ်ကင်းစင်သည့်ပုံလုပ်နေသူအား အရီစိတ်နာစွာကြည့်လိုက်ပီး ..

"ဘာဖြစ်လို့လဲ ဟုတ်လား .. နင် မသိယောင်ဆောင်မနေနဲ့ကောင်းခြင်းရာရာ .. နင်ဘယ်လိုဇာတ်လမ်းဖန်တီးနေတယ်ဆိုတာငါသိတယ် .. ငါတခါတည်းပြောလိုက်မယ် ငါ့သမီးနဲ့မပတ်သက်ပါနဲ့"

"မဟုတ်သေးဘူးအရီ .. အရီအထင်မှားနေပီ နုငယ်ကငါ့အတွတ် တစိမ်းတယောက်ကတောင်ထိခိုက်အောင်လုပ်ဖို့ခွင့်မပြုနိုင်တဲ့သူပါ ..ဒါကိုငါကဘာလို့ "

"တော်စမ်းပါကောင်းခြင်းရာရာရယ် .. မသိတဲ့သူကြားရင်တော့ နင်ပြောတဲ့စကားတွေကနားထောင်ကောင်းနေမှာပေါ့ .. ဒါပေမယ့် နင်ပြောနေတာ နင်ကိုယ်တိုင်ယုတ်မာခဲ့တဲ့ငါ့ရှေ့မှာဆိုတာသတိရအုံး"

"အရီ!!"

ကောင်းခြင်း အသံဟာ ရှက်ခြင်း .. စိတ်မကောင်းခြင်းကြောင့်ကျယ်၍သွားကာ အရီ့အားအသံမာစွာတားဆီးလိုက်သည် ..

My precious Tahanan ng mga kuwento. Tumuklas ngayon