Part - 10 [Unicode]

986 145 4
                                    

"ဘိုးဘိုး နုငယ်လာပါတယ်"

"ဟာ မြေး .. တယောက်တည်းလား .. ဘယ်သူမှလိုက်မပို့ဘူးလားကွဲ့"

ဘိုးဘိုးက အိမ်ထဲဝင်လာသည့် နုငယ်ရဲ့နောက်သို့လှမ်းကြည့်ပီးပြောလာခြင်း..

"မပါဘူးဘိုးဘိုးရဲ့ ဒီတခါ နုငယ်တယောက်တည်းလာတာ"

"အန္တရာယ်များပါ့မြေးရယ် .. အိမ်ကလိုက်ပို့ဖို့မအားရင်လဲ  ဘိုးဘိုးတို့ကိုဖုန်းဆက်လိုက်ပါလား မြေးရဲ့ရာရာလာခေါ်ရင်ခေါ် မခေါ်ရင် အိမ်ကဒရိုင်ဘာလွှတ်လိုက်မှာပေါ့ကွယ်"

"စိတ်မပူပါနဲ့ဘိုးဘိုးရဲ့ အခု နုငယ်ရောက်နေပီပဲကို .. ရာရာရောဟင်ဘိုးဘိုး"

"သမီးရဲ့ရာရာက အပေါ်ထပ်ကသူ့အခန်းထဲမှာ နိုးတော့နိုးနေလောက်ပီ မနက်စာတော့ဆင်းမစားသေးဘူး"

"ဒါဆို နုငယ်တက်သွားလိုက်မယ်နော်ဘိုးဘိုး"

ဘိုးဘိုးအားစကားစအမြန်ဖြတ်ကာ ရာရာရှိသည့်အပေါ်ထပ်သို့တက်လာခဲ့လိုက်သည် .. မဟုတ်ရင် အိမ်ကမသိအောင် လစ်ထွက်ခဲ့တာ ပေါ်သွားနိုင်သည် ..

ရာရာ့အခန်းရှေ့တွင်ရပ်ကာ သူရင်တွေခုန်နေမိသည် .. ငယ်စဉ်ထဲက ဒီအိမ်ကိုရောက်တိုင်း ရာရာ့အခန်းထဲသူဝင်နေကျ .. ရာရာမရှိသော်လဲ ရာရာ့ရဲ့အငွေ့သက်တွေအား သူလာယူနေကျ .. အခုတော့ ပိုင်ရှင်ရှိနေသည့်ဒီအခန်းက သူ့ကိုတမျိုးစိတ်လှုပ်ရှားစေသည် .. စိတ်ကိုလျော့ချလိုက်ပီး အခန်းတံခါးအားအသာခေါက်လိုက်သည် ..

"‌ဒေါက်!! ဒေါက်!! ရာရာ နုငယ်ပါ ဝင်ခဲ့လို့ရမလား"

"နုငယ်! .. ဝင်ခဲ့လေနုငယ် တံခါးဂျက်မချထားဘူး"

ရာရာ့ဆီမှခွင့်ပြုချက်ရသည်နှင့် တံခါးအသာတွန်းဖွင့်ရင်းဝင်လိုက်တော့ ရာရာကအခုမှရေချိုးပီးသည်ထင်သည် .. လက်ထဲမှ ရေသုတ်တဘက်ဖြင့် မခြောက်သေးသောဆံပင်များအားသုတ်နေသည် .. တွေ့မြင်နေကျနှင့်မတူ အနက်ရောင်Boyfriend shirt လက်တိုအပွနှင့် အနက်ရောင် Pant အပွဝတ်ထားသူက တမျိုးကြည့်ကောင်းနေသည် .. ရေချိုးပီးကာစမို့ မျက်နှာကပို၍ကြည်လင်နေကာ ခေါင်းမှရေတချို့ကစီးကျနေသည် .. အမြဲသပ်ရပ်ပီး ခန့်ညားနေတတ်သူက အခုလိုကပိုကရိုပုံစံဖြင့်လဲ ဆွဲတောင်မှုရှိနေပြန်သည် ..

My precious حيث تعيش القصص. اكتشف الآن