Part - 15 [Zawgyi]

186 9 4
                                    

မြန်မာနိုင်ငံရဲ့ဆောင်းရာသီက အေးသည်ဟုပင်ပြောမရ .. တနေကုန်ရှိခဲ့သောအပူဒဏ်က ညရောက်မှအနည်းငယ်သက်သာရသည် .. တချက် တချက်အသာတိုက်ခတ်သွားသည့်လေကြောင့် ခြံထဲရှိအပင်တချို့မှာ ယိမ်းယိုင်နေသည် .. ခပ်ပါးပါးအပေါ်ထပ်ကိုဝတ်ဆင်လိုက်ပီး ဝရံတာအပြင်သို့ထွက်ကာ ပြည့်လုနီးပါးလမင်းကြီးအား ကောင်းခြင်း‌ကြည့်နေမိသည် .. လက်ထဲမှ ဆေးလိပ်ငွေ့များက လေသင့်ရာသို့ပါနေတာမို့ အကြာကြီးပင်မသောက်လိုက်ရ တလိပ်မှာကုန်သွားရှာသည် ..

မကြာခင်နွေရာသီကိုရောက်တော့မှာဖြစ်သလို ကျောင်းပိတ်ရက်မှာလဲနီးလာပီမို့ သူနဲ့နုငယ်ခွဲခွာရမည့်ရက်မှာသိပ်မလိုတော့ ..

ဒါက သုံးလတာခွဲခွာမှုမဟုတ်ပဲ တသတ်လုံးလဲဖြစ်သွားနိုင်တာမို့ ကျန်ရှိသည့်အချိန်လေးကိုတန်ဖိုးနေရသည် ..

သူ့အတွတ်အချစ်ဆိုတာက ထွက်သွားရခြင်း .. ချန်ခဲ့ရခြင်း ပေလား .. လောကကြီးထဲ ချစ်ခြင်းတိုင်းက ပေါင်းဖက်ခွင့်မရတာမို့ ထိုထဲတွင် သူနှင့်နုငယ်ပါနေလေသလား ..

သူ့အဖြစ်က ချစ်ရတဲ့သူကိုအဝေးကငေးကြည့်ခွင့်တောင်မရနိုင်တော့တာက ရင်နာစရာပေ .. ပထမဆုံး အသက်ရှင်ရာဤကမ္ဘာကို စိတ်ပျက်မိသည် .. ဘာလို့သူမှလဲ .. နီးစပ်ခွင့်ရတာတောင်မကြာသေးတာကို ထပ်ပီးခွဲခွာရမှာက မဖြစ်သင့်ဘူးမဟုတ်လား ..

အရင်က သူ့အတွတ် ရှင်သန်ခြင်း သေဆုံးခြင်းသည် အရေးမပါခဲ့ .. သို့သော် အခုတော့ သူ့မှာတွယ်တာစရာရှိလေပီမို့ .. အမှန်တိုင်းပြောရရင် သူမသေချင်သေးပါ .. သူချစ်ရသူနဲ့အကြာကြီးနေချင်သေးသည် .. အသိနောက်ကျခဲ့တဲ့ သူ့ရဲ့ရောဂါအခြေနေက သူချစ်ရတဲ့သူတွေဆီက ဆွဲခေါ်သွားတော့မှာမို့ ကျန်ရှိနေသေးသည့် သူ့ရဲ့သက်တမ်းနေ့ရက်ကို လက်ချိုးရေနေရသည် .. သူဘယ်လိုများ ဒီကလေးအနားကနေထွက်သွားနိုင်ပ့ါမလဲ ..

အများကြီးချစ်ပေးချင်သေးသည် ..
အများကြီးဂရုစိုက်ပေးချင်သေးသည် ..

အောင့်တက်လာသည့် ဝေဒနာက သူ့ရဲ့ရင်တခုလုံးပျံ့နှံ့လာတာမို့ ဝရံတာလက်တန်းကို အားဖြင့်ဆုပ်ကိုင်လိုက်မိသည် .. ထိုဝေဒနာသည် နေ့စဉ်သောက်နေသည့်ဆေးတွေပင်မတိုးတော့ .. တခါတလေ ဇောချွေးတြွေပန်သည်အထိ အလူးလိမ့်ခံရတာ သူတယောက်သာသိသည် .. ဘယ်သူကိုမှလဲမပြောပြချင် .. သူ့ကြောင့် သူ့အနားကလူတွေဝမ်းနည်းကြရမှာမျိုး မလိုချင်ပါ .. အထူးသဖြင့်ထိုကလေးကိုမသိစေချင် .. သူ့ရဲ့နောက်ဆုံးအချိန်ထိ ထိုကလေးသိလို့မဖြစ် ..

My precious Tempat cerita menjadi hidup. Temukan sekarang