Part - 4 [Unicode]

1K 141 4
                                    

"အဲ့ဒါဘာဖြစ်နေကြတာလဲ!"

ခပ်ပြတ်ပြတ်ထွက်လာသည့်အသံကြောင့် ပေးသူနှင့် ငြင်းသူ နှစ်ဦးသားမှာ အသံလာရာသို့ကြည့်လိုက်ကြသည် .. အေးစက်စက်မျက်နှာက ပုံမှန်ထက်တည်နေကာ ခဲရောင်မျက်စံများက သိမ့်အားမျက်တောင်မခတ်ကြည့်နေသည် .. အနီးနားရောက်လာသည့် ကောင်းခြင်းက ဗညားမောင် အားတချက်သာကြည့်ကာ သိမ့်ကိုသာ မေးခွန်းပါသည့်အကြည့်ဖြင့်ပြန်ကြည့်လာတာမို့ သိမ့်အနည်းငယ်လန့်မိပါသည် .. နေ့လည်စာစားပီး ကျောင်းခန်းထဲပြန်အလာ ကောင်းခြင်းက သန့်စင်ခန်းဝင်ကာကျန်ခဲ့တာမို့ သိမ့်တယောက်တည်း လာစဉ် ဗညားထင်ထံမှ ရည်းစားစာနှင့်ပန်း အပေးခံရခြင်းပေ .. အခုနောက်ပိုင်း သိမ့်ကိုပိုးပန်းလာသူများလာပေမယ့် ကောင်းခြင်းရာရာက အနားမှအမြဲရှိနေတာမို့ တော်ယုံကောင်လေးများမှာ အနားမကပ်ရဲ .. ကောင်းခြင်းအလစ်ကိုစောင့်ရအောင်လဲ ကောင်းခြင်းရာရာဆိုတာ သိမ့်ကိုတယောက်တည်းဘယ်တော့မှမလွှတ် .. အခုတောင် ခဏလေးမို့လွှတ်လိုက်ခြင်း တခါဆို ဆိုသလောက် သိမ့်အနားပြေးကပ်လာသူနှင့်တိုးတော့သည် ..

"ဟို .. ကောင်းခြင်း"

"ငါသိမ့်ကို သဘောကျလို့ ချစ်ရေးဆိုနေတာ"

"ငါနင့်ကိုမမေးဘူး .. အရီ ငါမေးနေတယ်လေ"

ဖြေရခက်နေသည့် သိမ့်အစား ဗညားထင်ကဖြေလိုက်သည်ကို ကောင်းခြင်းကခပ်ပြတ်ပြတ်ပင်တုံ့ပြန်လိုက်သည် ..ကောင်းခြင်းရဲ့ဆက်ဆံပုံကြောင့် ဗညားထင်မှာမျက်နှာပျက်သွားတော့သည့် .. ဗညားထင်ဆိုတာ လူကြီးသားတယောက်ဖြစ်တာမို့ အနည်းငယ်မောက်မာတတ်ပီး အားလုံးကိုအထက်စီးကဆက်ဆံတတ်သူဖြစ်သည်.. အခု ကောင်းခြင်းရဲ့ သူ့ကိုလူရာမသွင်းသည့်ပုံကြောင့် ‌ဒေါသဖြစ်သွားသလို ဘေးကကြည့်နေသူများကြောင့် ရှက်လဲရှက်သွားရှာသည် .. နေရာကိုရောက်ထဲက သိမ့်ကိုသာကြည့်နေခဲ့ပီး ဗညားထင်အားရှိသည်ဟုပင်မသတ်မှတ်သည့် ကောင်းခြင်းက ပုံမှန်မျက်နှာထားနှင့်ဆိုပေမယ့် သိမ့်ကိုကြည့်နေသည့် ခဲရောင်မျက်စံများဆီမှ အေးစက်မှုများကို သိမ့်သာနားလည်သည်မို့ ..

My precious Where stories live. Discover now