Part - 8 [Unicode]

1K 151 3
                                    

အိမ်ရှေ့တွင်ရပ်ထားသည့်ကားအားကြည့်ကာ နုငယ်တကယ်ငိုချင်နေပီဖြစ်သည် .. ဒီနေ့သည်နုငယ်ကျောင်းပိတ်ရက်မို့ ရာရာနှင့်အပြင်သွားလည်ရန်ပြောဆိုထားခြင်းပေ .. အခု နုငယ်အားလာခေါ်သည့် ရာရာမှာ ကားပေါ်တွင်နာရီဝက်နီးပါးရှိနေပီဖြစ်ကာ မေမေကလဲဘယ်လိုမှသွားခွင့်မပေး .. အိမ်ထဲဝင်ဖို့မပြောသည့်အပြင် နုငယ်ကိုပါခေါ်သွားခွင့်မပြုတာမို့ မေမေ့လုပ်ရက်အတွတ် ရာရာ့ကိုမျက်နှာပူအားနာလှသည် .. ရာရာကတော့ အိမ်ထဲလဲ အတင်းဝင်မလာသလို ပြန်လဲမသွားပဲ ခြံရှေ့တင်ကားရပ်ကာ ကားပေါ်တွင်သာစိတ်ရှည်ရှည်စောင့်နေလေသည် ..

"မေမေ နုငယ်ကိုသွားခွင့်ပေးပါ .. ရာရာနဲ့ပြောထားပီးသားကြီးလေမေမေ .. အခုရာရာစောင့်နေတာလဲကြာနေပီ တကယ်အားနာဖို့ကောင်းပါတယ်"

ဧည့်ခန်းတွင်မျက်နှာတည်ဖြင့်ထိုင်နေသူမေမေအား သနားခံနေခြင်းပေ .. သူ့မှာ ရာရာနဲ့အခုလိုသွားဖို့ စိတ်လှုပ်ရှားလွန်းလို့ မနေ့ညကဆိုတော်တော်နဲ့အိပ်မပျော် .. အခုလဲတက်ကြွစွာအလှဆုံးပြင်ဆင်ပီးကာမှ သွားခွင့်မပေးတာမို့ မျက်ရည်တစမ်းစမ်းဖြစ်နေရသည် ..

"အစထဲက မေမေ့ကိုကြိုတင်ခွင့်တောင်းခြင်းမရှိ ကိုယ်လုပ်ချင်ရာလုပ်ပီးမှ ဒီမျက်နှာလာလုပ်မနေနဲ့ပိုးသားနုငယ် .. ဘယ်သူကချိန်းခိုင်းလို့လဲ ဘယ်သူက သူနဲ့သွားခွင့်ပေးမယ်ပြောလို့လဲ"

"ရာရာကတစိမ်းမှမဟုတ်တာ မေမေဘာလို့ ရာရာ့အပေါ်ဒီလောက်ဖြစ်နေရတာလဲ နုငယ်နားမလည်တော့ဘူး"

"နားမလည်ရင်နားမလည်သလိုနေနုငယ် ပီးတော့ တရာထဲရာမနေနဲ့ နားကြားလို့မကောင်းဘူး"

"နုငယ်တောင်းပန်ပါတယ်မေမေရယ် ဘိုးဘိုးကိုအားမနာဘူးလားဟင် အကြာကြီးနေမှပြန်လာတဲ့သူ့သမီးကို အိမ်‌ထဲတောင်အဝင်မခံပဲ အပြင်မှာအကြာကြီးနေခိုင်းတာ ဘိုးဘိုးသိရင်မကောင်းပါဘူး"

"ညည်း ကျုပ်ကိုဆရာလာမလုပ်နဲ့နုငယ် .. အစထဲက ကောင်းခြင်းရာရာဆိုတာ ဖေဖေနဲ့ခြားနားစွာဆက်ဆံတာကို ဖေဖေလဲသိပီးသား .. ဘယ်သူကသူ့ကိုလာခိုင်းလို့လဲ အခုလဲအဝင်မခံရင်ပြန်လေ ဘာလို့ သူများအိမ်ရှေ့လူမြင်မကောင်းအောင်စောင့်နေရသလဲ"

My precious Onde histórias criam vida. Descubra agora