Part - 3 [Unicode]

1.1K 153 1
                                    

"ကောင်းခြင်း.. လာမယ့်သောကြာငါ့မွေးနေ့ ညနေပိုင်းအိမ်မှာပါတီလုပ်မှာ .. အဲ့ဒါနင့်ကိုဖိတ်တယ် နင်လာခဲ့နော်"

နေ့လည်စာစားချိန်မို့ ကျောင်းကန်တင်းထဲ သူ့အဖွဲ့နဲ့သူစည်ကားနေကြသည် .. ကောင်းခြင်းရာရာနဲ့သိမ့်သည် အိမ်ကပြင်ဆင်ပေးလိုက်သည့် နေ့လည်စာအားအတူစားနေကြခြင်း .. နဒီကပါးစပ်မှလဲပြောရင်း လက်ထဲမှ ပန်းရောင်ဖိတ်စာလေးအား ကောင်းခြင်းရှိရာသို့ကမ်းပေးလာသည် ..

"နင်တယောက်တည်းလာခဲ့နော်"

ဖိတ်စာရှိရာ ကမ်းနေသည့် ကောင်းခြင်းရဲ့လက်က နဒီရဲ့ထပ်ပြောလာသည့်စကားကြောင့် လေပေါ်မှာပင်ရပ်တန့်လို့သွားတော့သည် .. နဒီကတော့ သိမ့်အားမနှစ်မြို့သလိုကြည့်နေတာမို့ ကောင်းခြင်းရဲ့မျက်နှာအပြောင်းလဲကိုမမြင်သေး ..

"ဆောရီးနဒီ .. ငါလာဖြစ်မယ်မထင်တော့ဘူး .. နင်သိထားဖို့က အရီက ငါ့မိသားစုဝင်တယောက် .. ဒါကြောင့်အရီ့ကိုနှိမ်ချဆက်ဆံတာမျိုး ဘယ်တော့မှလာမလုပ်နဲ့"

"ဟို .. ငါကအဲ့လိုသဘောပြောတာမဟုတ်ပါဘူး .. ငါ့မွေးနေ့မှာ အရမ်းရင်းနှီးတဲ့သူတွေပဲဖိတ်တာ .. ပီးတော့ လာမယ့်သူတွေအကုန်လုံးက အဆင့်တန်းတခုရှိတဲ့သူတွေချည်းပဲဆိုတော့"

"တော်တော့နဒီ .. အဆင့်တန်း ဟုတ်လား .. နင်ပြောတဲ့အဆင့်တန်းကဘယ်လိုသတ်မှတ်တာလဲ .. အရီကငါ့အမ ဒါကြောင့် ငါ့ကိုဖိတ်တဲ့ဘယ်နေရာမဆို အရီပါရမယ် .. အရီမပါတဲ့ ဖိတ်ခေါ်မှုမျိုး ငါဘယ်တော့မှလက်ခံမှာမဟုတ်ဘူး .. ပီးတော့ ငါထပ်ပီးပြောလိုက်မယ် .. အရီကနင်တို့ခွဲခြားဆက်ဆံရမယ့်သူမဟုတ်ဘူး နောက်တခါ အရီ့ကိုလှောင်ပြောင်ဆက်ဆံတဲ့ဘယ်သူမဆိုငါခွင့်လွှတ်မှာမဟုတ်ဘူး .. သွားမယ် အရီ စားလို့ပီးပီမဟုတ်လား"

နဒီအပါဝင် နေရာရှိတခြားသူများကိုပါ သွယ်ဝိုက်သတိပေးလိုက်သည့် ကောင်းခြင်းရဲ့ပုံစံဟာ မြင်နေကျနှင့်မတူ .. ကောင်းခြင်းရာရာဟာဒေါသထွက်ခဲသလို တဖက်သားကို နစ်နာစေအောင်ပြောဆိုခြင်းမျိုး လုံးဝမလုပ်ခဲ့ .. သို့သော် အရီနှင့်ပတ်သက်ရင် သူဟာရန်တွေ့တတ်သည့်သူတယောက်ဖြစ်နေခဲ့ပီ .. လက်ကိုဆွဲကာ နေရာမှခေါ်ထုတ်နေသူကြောင့် ထမင်းဘူးတွေအားအမြန်သိမ်းကာ အပြေးတပိုင်းလိုက်ခဲ့ရတော့သည် .. နဒီကတော့ ပန်းရောင်ဖိတ်စာလေးအား ဖိချေကာ ဒေါသထွက်ပီးကျန်ခဲ့ရှာသည် ..

My precious Donde viven las historias. Descúbrelo ahora