ခပ်သော့သောတိုက်ခတ်သွားသည့် လေပြည်နှင့်အတူ အပင်ပေါ်မှသစ်ရွက်တချို့က ကြွလွေင့်သွားကြသည် .. အချိန်ရင် ကြွလွေင့် ပျက်စီး ပျောက်ကွယ်သွားကြရတာ သက်မဲ့များတင်မဟုတ် သက်ရှိများသည်လဲအပါမို့ သင်္ခါရတရားကို သူလက်ခံထားပါသည် .. သို့သော် လူရယ်ဟုဖြစ်လာသည်နှင့် အချစ်အမုန်း သံယောဇဉ်တွေရစ်နှောင်တွယ်တတ်ကြတာမို့ မခွဲနိုင်ခြင်း မစွန့်လွှတ်နိုင်ခြင်းတာကို လူသားတိုင်းခံစားရမြဲ .. အချိန်တန်သည့်အခါ လက်ရှိပိုင်ဆိုင်ထားသည့် မိသားစု သူငယ်ချင်းမိတ်ဆွေနဲ့ နှလုံးသားနဲ့ရင်းပီးချစ်ရသူကိုပါ ခွဲခွာရမည်ဆိုသည့်အတွေးက သူ့အဖို့ စဉ်းစားလိုက်ယုံနှင့်နာကျင်ရသည် ..
အတွေးနဲ့အတူ စိတ်မသက်မသာဖြစ်လာတာမို့ သက်ပြင်းမောကိုချမိသည် .. သူ့ရဲ့ရာရာကို သူဘယ်လိုမှမခွဲနိုင် .. ဒီလူသားကိုသာဆုံးရှုံးလိုက်ရရင် သူ့ရဲ့ကျန်ရှိနေသည့်အချိန်ကိုမတွေးရဲ .. သူကိုယ်တိုင်လဲအရင်မထွက်သွားချင်ပြန် .. ဒါက ဘယ်လိုအတွေးမျိုးလဲ မသိပေမယ့် သူ့အဖြစ်က နေလဲမနေခဲ့ရဲ ထားလဲမထားခဲ့ရက် ..
"ဘာတွေတွေးပီးစိတ်ဆင်းရဲနေပြန်ပီလဲ ကလေးလေး"
စမ်းချောင်းကိုဖြတ်၍နှလုံးသားထဲစီဆင်းလာသလို ထိုအသံသည် ပူလောင်နေသည့်သူ့ရင်ကို ငြိမ်းသက်လိုက်သည့်အလား .. အေးမြသည် .. နွေးထွေးသည် .. အသံနှင့်အတူ ပခုံးပေါ်ကျလာသည့် လက်ဖဝါးက နှစ်သိမ့်မှုတွေအပြည့် .. သူ့ပခုံးထက်မှ လက်ဖမိုးအားထပ်၍ကိုင်ကာ အသာမော့ကြည့်လိုက်တော့ သူ့အားပြုံးကာကြည့်နေသူ ..
အသက်40ကျော်လို့ မထင်ရအောင် နုပျိုနေသည့်သူ့ရဲ့ရာရာ .. ငယ်ရွယ်စဉ်ကလို လက်ဝတ်တန်ဆာတွေမဆင်မြန်းတော့ပေမယ့် စတိုင်ကျကျဝတ်စားတတ်ပုံမှာတော့ လူငယ်ဖြစ်သည့် နုငယ်ပင်လိုက်မမှီ .. အမြဲsmart ပီးမိမိုက်နေသည့် ရာရာ့ကြောင့် စိတ်မချဖြစ်ရသူက နုငယ်ပင် .. သူ့ရဲ့ရာရာအသက်သာကြီးလာသည် မြင်ရသူပြိုဆင်းရသည်အထိ ချောနေတုန်းမို့ နုငယ်မှာမနာလိုလဲဖြစ်ရသလို သဝန်လဲတိုနေရပါသည် .. စာရွက်ဖြူလိုအသားရည်ထက် အရေးကြောင်းဆိုတာ တစွန်းတစတောင်မရှိသေး .. အရင်ကထက် လိုက်လျောညီထွေစွာနေတတ်လာသူက သူ့ကြောင့်ဆိုတာသိပေမယ့် တခြားသူတွေအပေါ်မှာလဲ အခုလိုအမြဲပြုံးပြနေတာကိုမကြိုက်ပါ .. အရင်ကအေးစက်ပီး သီးသန့်နေတတ်တာတောင် လူတိုင်းက ရင်းနှီးချင်ကြတာမို့ အခုလိုဖော်ရြွေပသည့်အခါ ပိုပီးချဉ်းကပ်လာကြသည် ..
ESTÁS LEYENDO
My precious