Part - 6 [Zawgyi]

251 10 3
                                    

ရိုက်ကွင်းရှိရာ ဝင်းထဲကားဝင်လိုက်သည်နှင့် အလုပ်ရှုပ်နေကြသည့် လူတစုကိုတွေ့လိုက်ရသည် .. လွတ်နေသည့်ပါကင်တနေရာတွင် ကားကိုရပ်လိုက်ပီး မျက်လုံးကတချက်ဝေ့ရှာလိုက်သည် ..

"ကောင်းခြင်း!"

ဒီအသံ .. စိတ်နာခြင်းမျိုးမဟုတ်သော်လဲ သူမကြားချင်ပါ ..

"ကောင်းခြင်းလာမယ်ဆိုလို့စောင့်နေတာ"

အနားရောက်လာသည့် နဒီက ပတ်ဝန်းကျင်ကိုပင်ဂရုမစိုက်ပဲ ကောင်းခြင်းရဲ့လက်တွေကို တွဲခိုလာသည် .. ရိုက်ကူးရေးရှိတာမို့ လိုက်ဖက်စွာပြင်ဆင်ထားသည့် နဒီက ထူး၍လှနေသည် .. တရုတ်စပ်ဖြစ်တာမို့ အသားရည်လှကာ ပါးပါးလျလျနဒီက တခြားသူတွေအတွတ်တော့ ငေးမောရသည့်အလှမျိုးရှိသည် .. ကောင်းခြင်း သူ့လက်တွေအား တွဲလာသည့် နဒီလက်တွေအား အသာဖယ်ချလိုက်သည် ..

"ငါဒီကိုအလုပ်ကိစ္စနဲ့လာတာ"

ပုံမှန်ထက် ပိုတည်နေသည့်မျက်နှာကြောင့် နဒီကမျက်နှာပျက်လို့သွားသော်လဲ အနုပညာရှင်ပီပီဟန်ဆောင်ကောင်းစွာ ဘာမှမဖြစ်သလိုပင်အမူယာကိုပြင်လိုက်သည် ..

"သိပါတယ်ကောင်းခြင်းရဲ့ .. အစည်းဝေးလုပ်ဖို့ ကောင်းခြင်းကိုစောင့်နေကြတာ လာ နဒီခေါ်သွားပေးမယ်"

ရိုက်ကွင်းမှလူများက လှမ်းကြည့်နေတာမို့ ဘာမှထပ်ပြောမနေတော့ပဲ နဒီခေါ်သည့်နောက်သို့လိုက်လာခဲ့လိုက်သည် ..

အခန်းထဲရောက်တော့ သူမြင်ဖူးသည့်လုပ်ငန်းရှင်နှစ်ဦးအပြင် သူနှင့်ရွယ်တူလောက်ရှိသည့် အမျိုးသားတဦးပါရှိနေသည် .. ကောင်းခြင်း ခုံမှာဝင်ထိုင်လိုက်သည်နှင့် တာဝန်ခံ ဦးမြဦးကစတင်မိတ်ဆက်လာသည် ..

"ဒီထဲမှာ အန်ကယ်နဲ့အလုပ်တွဲလုပ်ဖူးတဲ့သူတွေချည်းပဲဆိုတော့ အန်ကယ့်ကိုတော့အကုန်လုံးကသိနေပီသားပါ .. ဒီဘက်က MK Group က ဥက္ကဌ ဦးသာလွန်ပါ"

"တွေ့ရတာဝမ်းသာပါတယ်"

ဦးသာလွန်က လက်ဆွဲနှုတ်ဆွဲလာတာမို့ အသီးသီးထပီးနှုတ်ဆက်လိုက်ကြသည် ..

"ဒီဘက်ကတော့ မြင့်မြတ်တည်ကြည် ဆောက်လုပ်ရေးရဲ့ ဆက်ခံသူလဲဖြစ် လက်ရှိလဲစီမံခန့်ခွဲရေးမှာတာဝန်ယူထားတဲ့ ကိုတည်ကြည်မင်းပါ"

My precious Where stories live. Discover now