Part - 5 [Unicode]

1K 140 16
                                    

"အရီကငါ့အတွတ် ညီအမ‌တယောက် မိသားစုဝင်တယောက်ပဲ နဒီ .. သူ့အပေါ် ဘာအရောင်မှမပါတဲ့ သံယောဇဉ်နဲ့မေတ္တာတရားကို လာမစော်ကားနဲ့ .. ငါဟာလိင်တူချစ်ကြိုက်သူရင်တောင် မကျော်သင့်တဲ့စည်းကို ငါကျော်မှာမဟုတ်ဘူး .. ပီးတော့ ငါကယောကျာ်းလေးတွေကိုမကြိုက်ယုံပဲ နဒီ .. အဲ့အတွတ်မိန်းကလေးတွေကိုပဲသဘောကျသူလို့အမည်တပ်စရာလဲမလိုဘူး .. နောက်တခုက တကယ်ကိုမိန်းကလေးချင်းပဲသဘောကျရင်တောင် အဲ့မိန်းကလေးက အရီဘယ်‌တော့မှမဖြစ်စေရဘူး"

"တကယ်ပဲ သိမ့်ထက်မြတ်ရီက ကောင်းခြင်းအတွတ်မိသားစုလိုပဲ သဘောထားတာလားဟင် .. ဒါဆို ဘာလို့အရေးပေးရတာလဲ .. ဘာလို့သဝန်တိုနေရတာလဲ"

"အဲ့အတွတ်ငါ့ဘက်က နင့်ကိုရှင်းပြစရာဘာအကြောင်းမှမရှိဘူးထင်တယ် .. ငါ့အနေနဲ့ အရီ့ကိုဘယ်လိုပဲသဘောထားထား နင်နဲ့မဆိုင်တာမို့ အရီ့အပေါ်မဟုတ်တဲ့စကားတွေပြောတာ ဒီနေ့နောက်ဆုံးဖြစ်ပါစေ"

"ဒါဆိုလဲ နဒီတို့အကြောင်းပဲပြောကြမယ်လေ .. နဒီ့ကိုစဉ်းစားပေးလို့မရဘူးလား .. မူလတန်းထဲက ကောင်းခြင်းအပေါ် ခင်တွယ်လာတဲ့အရီ့ကို နည်းနည်းလေးတောင်သံယောဇဉ်မဖြစ်မိဘူးလားဟင်"

"သံယောဇဉ်ဆိုတာ အရောင်အမျိုးမျိုးရှိတယ်နဒီ .. ငါ့အတွတ် နင်က အတန်းဖော်တယောက်အပြင်မပိုဘူး .. ငါ့နှလုံးသားရေးရာက သိပ်ကိုအေးစက်နေတာမို့ မျှော်လင့်ချက်ပေးသလိုလဲမဖြစ်စေချင်ဘူး .. နင့်အနေထားနဲ့အများကြီးရွေးချယ်စရာရှိတာမို့ ငါ့အတွတ် အချိန်ကုန်မခံပါနဲ့"

စကားကုန်ပြောပီးသည်နှင့် နေရာမှထွက်လာခဲ့လိုက်သည် .. နဒီဘယ်လိုပုံစံဖြင့်ကျန်ခဲ့မည်ကို သူမသိချင်တော့ .. မယူနိုင်သည့်တာဝန်ကိုသူမထမ်းချင် .. သူ့အနေနဲ့ အရွယ်ရောက်စဉ်သိလိုက်ရတာက ယောကျာ်းလေးများကို သူမနှစ်သက် .. ယောကျာ်းလေးများအပေါ် ရင်လဲမခုန်သလို သဘောကျမိတာမျိုးလဲမရှိ .. သူ့စိတ် သူ့ခံစားမှုများက ယောကျာ်းလေးများနှင့်ပတ်သက်ရင် ပကတိတည်ငြိမ်တာမို့ သူသည် ဆန့်ကျင်ဖက်လိင်အား သဘောကျသည့်သူမဟုတ်ဟု လက်ခံခဲ့သည် .. သို့သော် ဒီနေ့ဒီအချိန်ထိ သူရင်ခုန်ရသော မိန်းကလေးဆိုသည်မှာလဲ မရှိခဲ့ပေ .. သူ့အကြောင်းအမှတ်မထင်သိခဲ့သည့်နဒီအပါဝင် အကြောင်းမသိသည့်တခြားကောင်မလေးအချို့၏ ချဉ်းကပ်ခြင်းကိုလဲသူခံရဖူးသည် .. သို့သော် သူဘယ်သူ့ကိုမှသဘောမကျမိ .. ဒါကြောင့်သူဟာ လိင်တူခြင်းကြိုက်သည်ဟုလဲ တထစ်ချ ပြောလို့မရနိုင် ..

My precious Où les histoires vivent. Découvrez maintenant